Chapter - 36

2K 541 48
                                    

[UNICODE]

ချူယုသည် ဘာမှမသိနားမလည်စွာဖြင့် နှာ​ခေါင်း​လေး ရှုံ့ပွ ရှုံ့ပွလုပ်ကာ...၊ ရိုးရိုးသားသား​လေး ပင်​ခေါင်းညိမ့်ပြလိုက်၏။

"ဟုတ်...၊ ရှူ​နေတာ အနံ့ရလို့​လေ..."

သူဟာအမှန်တစ်ကယ်​တော့ လူတိုင်း၏ ​သွေးနံ့တိုင်းလိုလိုကို ဤကဲသို့ မခံမရပ်နိုင် မဖြစ်တတ်ပဲ...၊ ဒီလူ၏ ​သွေးနံကသာ သူ့အတွက် ​အ​တော် ဆိုးဆိုးဝါးဝါး နံ​နေခြင်းဖြစ်၏။

လုရှီးသည် ​နောက်သို့ပြန်လှည့်၍ လမ်း​လျှောက်သွား​နေသည်ကို ကြည့်​နေရင်းဖြင့်၊ ထိုလူ၏​သွေးနံ့ကို မခံမရပ်နိုင်စွာ ချူယုသည် သူ၏လက်ဖြင့် နှာ​ခေါင်းကို အကြမ်းပတမ်း ပွတ်သပ်ပစ်လိုက်သည်။

သူကြည့်​နေရင်းဖြင့်ပင် လုရှီးသည် ​မြေပြင်​ပေါ်တွင် ချထား​သော ​ပေါက်စီးများ၊ ပဲနို့များ၊ ​ဖျော်ရည်ပုလင်းများပါသည့် အထုပ်တစ်ထုပ်ကို​ကောက်ယူလိုက်သည်။

ထို့​​နောက် လုရှီးသည် ထိုအိတ်ထဲမှ ​ဖျော်ရည်တစ်ပုလင်းကို ထုတ်ယူကာ တစ်ခါတည်း​ပင် မော့​သောက်ပစ်လိုက်၏။

ဖျော်ရည်များ ကုန်သွား​သောအခါ လုရှီးသည် ပုလင်းအခွံကို မလွင့်ပစ်​သေးပဲ လက်ထဲတွင် ကိုင်ထားရင်းဖြင့်၊ ခဏ​လောက် ကြာ​သောအခါ ထိုပုလင်းခွံကို လက်တစ်ဖက်တည်းဖြင့် ကွဲသွား​အောင် ခွဲပစ်လိုက်​လေ​တော့သည်။

ပုလင်းအခွံ့မှ ဖန်ကွဲစများသည် လုရှီး၏ လက်ဖဝါးသို့ ခြစ်မိသွားသဖြင့် ​သွေးများက ဒလ​ဟော ထွက်လာခဲ့​တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်​သောအခါ ချူယုသည် အသက်ရှူ​တောင် ရပ်တန့်သွားမလိုဖြစ်သွားခဲ့ရ၏။

သူသည် လုရှီးက ထို​ဖျော်ရည်ပုလင်းအား ထိုကဲ့သို့တစ်ခါတည်း ကွဲသွား​အောင် ခွဲပစ်လိုက်မည်ဟု မထင်ထားမိ​ပေ...။

ဘယ်လိုပဲဖြစ်ဖြစ် လုရှီးသည် ထိုကိစ္စအား တုန့်ဆိုင်းခြင်းမရှိပဲ ချူယု၏ မျက်စိ​ရှေ့မှာပင် လုပ်ပစ်လိုက်​လေသည်။ လုရှီး၏မျက်နှာအမူအရာမှာ ဘာ​​ပြောင်းလဲခြင်းမှ မရှိပဲ လုပ်​နေကျကိစ္စတစ်ခုကို လုပ်​နေသကဲ့သို့ ​အေး​အေး​ဆေး​ဆေး တည်တည်ညိမ်ညိမ်ပင် လုပ်ပစ်လိုက်​လေ၏။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now