Chapter - 60

1.9K 424 64
                                    

[UNICODE]

ချူယု၏ ​မေး​စေ့​လေးများသည်၊ လုရှီး၏ လက်​ချောင်း​​လေးများဖြင့်၊ အကိုင်ခံထားရသဖြင့်၊ ယခုအချိန်ထိ ​နွေး​​​ထွေး​နေဆဲ ဖြစ်သည်။

ယခုအချိန်မှာ​တော့ သူသည် ငါးမျှားခြင်းအ​ပေါ် အာရုံ စူးစိုက်လို့ မရ​ပဲ၊ လုရှီးက သူအာ့ ချစ်​ရေးဆိုခဲ့သည့်၊ အခိုက်အတန့်ကိုသာ၊ အပြန်ပြန် အလှန်လှန် စဥ်းစားကြည့်​နေလိုက်၏။ ​နောက်ဆုံးမှာ​တော့ သူဟာ စဥ်းစားလို့ အားရသွားပြီး၊ စိတ်ထဲမှ​နေ သူ့ကိုယ်သူ တစ်အံတစ်သြ ​ပြော​နေမိလိုက်​တော့သည်။

အို့! ​နောက်ဆုံး​တော့၊ ငါက ​စော​စောစီးစီး အချစ်မှာ ကျရှုံးသွားခဲ့ပြီ​ပေါ့...!!!။

ဘယ်လိုပဲဖြစ်ဖြစ်ပါ​လေ ချစ်သူ ရှိလာပြီဆို​တော့လည်း...၊ အင်း... ဘာလုပ်ရင် ​ကောင်းမလဲ...?။

အမှန်အတိုင်း ​ပြောရပါလျှင်၊ ချူယုသည် သူ့ကိုယ်သူ အသက် 17နှစ် အရွယ်​လေးနှင့်၊ ရည်းစားထားဖြစ်လိမ့်မယ်လို့၊ တစ်ကြိမ်တစ်ခါ​လေးမှ မ​စဥ်းစားမိ​ချေ...၊ ပြီး​တော့ သူ့လို ကြည့်​ကောင်းသည့် ရုပ်ရည်ရှိ​သော၊ လူတစ်​ယောက်အဖို့၊ မည်သူတစ်ဦးတစ်​ယောက်ကမှ၊ သူ့အား၊ ရည်းစား​တော်ရဲလိမ့်မည် မဟုတ်ဟု၊ ​ထင်ထားမိတာ​ကြောင့်လဲ ပါ၏။

လုရှီးနှင့် ပထမဆုံးအကြိမ် ​တွေ့ဆုံတုန်းကဆိုလျှင်လဲ၊ ​ယောင်လို့​တောင်မှ၊ သူနှင့် လုရှီးက ချစ်သူ​တွေ ဖြစ်သွာကြလိမ့်မည်ဟု၊ မ​တွေးဖူးခဲ့ပါ​ချေ...။

ချူယုသည် သူ၏ လက်​​ချောင်းများကို ဆုပ်လိုက် ဖျံ့လိုက်၊ လုပ်​နေလိုက်ပြီးနောက်၊ သူ၏ ရင်ခုန်သံများကိုစီးချက်ညီရန် ကြိုးစားလိုက်သည်။

ယခု သူနှင့် လုရှီးက ချစ်သူ​တွေ ဖြစ်သွား ကြပြီဆို​တော့...၊

ချစ်သူ​တွေဆိုတာ တစ်ချို့ ရှက်ဖွယ်ကောင်းတဲ့ ကိစ္စ​တွေကိုလည်း၊ ​ကျေ​ကျေနပ်နပ်ကြီး လုပ်တတ်ကြတယ်မလား...?၊

ဥပမာ လက်ကိုင်တာတို့...၊ အင်း.... ပြီး​တော့ နမ်းကြတာတို့​ပေါ့...?။

"ဘာ​တွေ စဥ်းစား​နေတာလဲ...?"

သူစဥ်းစား​နေတုန်း လုရှီးက ရုတ်တစ်ရက်ကြီး၊ ​မေးလာခဲ့သဖြင့်၊ ချူယုသည် ​ယောင်​ယောင်ကမ်းကမ်းဖြစ်​သွားပြီး၊ ​​ပါးစပ်ထဲရှိရာ ဖြေလိုက်မိသည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now