Chapter - 15.2

2.2K 523 14
                                    

[UNICODE]

ကျောင်းစဖွင့်​သော ပထမအပါတ်၏ ​သောကြာ​နေ့တွင်​ကျောင်းသားများအားလုံးသည် လာမည့် စ​နေ၊ တနင်္ဂ​နွေ ပိတ်ရက်အတွက် ကြိုတင်ပြီး ​ပျော်ရွှင်နေကြသည်။

​နွေရာသီ ​ကျောင်းပိတ်ရက်တုန်းက လွပ်လွပ်လပ်လပ် ​နေခဲ့ကြသည့် အရှိန်​လေးများကလည်း ခုချိန်ထိအနည်းငယ် ကျွင်းကျန်​ နေကြ​သေးသည်မလား...။ အတန်းချိန်တစ်ခုတွင်မူ ဆရာယဲ့သည် စကားတစ်ခွန်းအား အ​လေးအနက်ထား၍ ငါးကြိမ်တိုင်တိုင်​ပြော​လေ၏။

"မင်းတို့ရဲ့နှလုံးသားကို သက်​​သောင့်သက်သာ ဖြစ်​အောင် အမြဲထားပါ"

သို့​သော် ထိုစကားလုံးသည် ​ကျောင်းသားများအ​ပေါ်သို့ သိသိသာသာ မသက်​ရောက်​ပေ...၊ ထိုစကားလုံးသည် ​ကျောင်သားများအ​ပေါ်သို့ ဘယ်ဘက်နားကဝင် ညာဘက်နားကထွက် ဖြစ်​နေ​​ပေသည်။

ချူယုသည် မတိုင်ခင် အချိန်ကအထိ ပြဿနာတစ်စုံ တစ်ရာ မရှိခဲ့​ပေ...။ လူသူကင်းမဲ့​နေ​သော အိမ်မှာ ​နေရသည်ထက်စာလျှင် ​ကျောင်းမှာ ​နေရသည်ကို​တောင် ပိုပြီး သ​ဘောကျ​နေမိ​သေးသည်။ လူများဟာ ရှုတ်​ထွေးနေပြီး အသက်ရှင်ရခြင်း၏ အဓိပ္ပါယ်ကို ​ကောင်းစွာ ခံစားလို့ရ​​ပေ၏။ သူပျင်း​လာ​သော အချိန်တွင် သူငယ်ချင်း အချို့နှင့် စကား အနည်းငယ် ​ပြောလို့ရ​တယ်​လေ...။

ဘယ်လိုပဲဖြစ်ဖြစ် သူ၏​အရှေ့ခုံတွင် ထိုင်​သော ကျန်းယဲ့ရှန်သည် အားသည့်အချိန်တိုင်း လက်ထဲတွင် ​ရောင်စုံမီး​လေးများ လင်း​နေတတ်​​သော အန်စာတုံးကို အမြဲ​ဆော့​နေတတ်သည်။ လီဟွားကမူ အန်စာတုံးအား ​ဆော့​လေ့မရှိ​​သော်လည်း ​ဘောပင်တစ်​ချောင်းအား လက်ထဲတွင်ကိုင်လျက် အမြဲလှည့်ပတ်ပြီး ​ဆော့​နေတတ်သည်။ ချူယုသည် ထိုင်​နေလျက်ကပင် သူတို့နှစ်​​ယောက်၏ အထူးအဆန်း အကျင့်များကို ကြည့်ပြီး အံ့သြ​နေမိ​တော့သည်။

​ကျောင်ဆင်း ​ခေါင်း​လောင်း မည်လာ​သော အချိန်တွင်မူ အ​ဆောက်အဦး အကုန်လုံးရှိ ​ကျောင်းသားများအားလုံးသည် ​ကျောင်း​ဆောင်ကြီး ပြိုလဲကျ သွားရ​တော့ မတတ် အလုအယက် အတန်းပြင်သို့ ထွက်ကြကုန်၏။ အခန်းတစ်ခုလုံးတွင် စားပွဲခုံ ​ရွေ့သံများ၊ ​​လမ်း​လျှောက်သံများဖြင့် ပြည့်နှက်လို့​နေ​သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now