Chapter - 32

2K 555 37
                                    

[UNICODE]

ညမှောင်မှောင်တွင် တစ်ယောက်တစ်မျိုးစီ ချောမောလှပနေသော လူနှစ်ယောက်သည် ​ခေတ်နောက်ပြန်စတိုင်လ်နှင့်အတူ ညစ်ပတ် ရှုပ်​ထွေး​နေ​သော လမ်းမကြီးကို ဖြတ်​ကျော်လာခဲ့ပြီးနောက်၊ တိုက်တန်းတစ်ခု၏ ခပ်နိမ့်နိမ့်တံခါးဝကို ဖြတ်ကျော်ကာ...၊ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေသော ​အစိမ်းရောင်သန်းနေသည့် လှေကားမှတစ်ဆင့် အထက်သို့ တက်လာလေသည်။ လှေကားတစ်လျောက်လုံးတွင်မူ မှိန်တိန်တိန် လိ​မ္မော်​ရောင်မီးသီးကိုသာ ထွန်းထား​ပေ၏။

ချူယုသည် မျက်လုံးကိုတစ်ဝက်တစ်ပျက်ဖွင့်လိုက်ပြီး​နောက် ​ဘေးပါတ်ဝန်းကျင်သို့ ​ဝေ့ဝဲကြည့်လိုက်ကာ ​လေသံ​ပျော့​ပျော့​လေးဖြင့် ​မေးလိုက်သည်။

"ငါတို့က ခု ဘယ်ကိုသွား​နေကြတာလဲ... ဟင်?"

"ငါ့အိမ်"

လုရှီးသည် ထိုသို့​ပြောလိုက်ရင်း အခန်းတစ်ခု​ရှေ့သို့ မတ်တပ်ရပ်ကာ၊ လက်တစ်ဖက်ဖြင့် ချူယုကို ​​ပွေ့ထားပြီး​နောက် ကျန်လက်တစ်ဖက်ဖြင့် ​ဘောင်းဘီအိတ်ထဲမှ ​သော့ကိုထုတ်ကာ အခန်းတံခါးကို ဖွင့်လိုက်၏။

ချူယုသည် ​သွေးစုပ်ထားတာ​တောင်မှ သူ့ခန္ဓါကိုယ်၏အားမှာ တဖြည်းဖြည်းချင်း ​ပျော့​ပျော့လာခဲ့ပြီး၊ အသိစိတ်ကလည်း ​​ပျောက်ဆုံးလာခဲ့ရာ အခန်းတံခါးဖွင့်သံ 'ကလစ်' ကိုသာကြားလိုက်ရမှသာ... သူဟာ လုရှီး၏ အိမ်ကို​ရောက်လာခဲ့ပြီဆိုတာ သိလိုက်ရ၏။

လုရှီးသည် အိမ်ထဲသို့​ရောက်သည်နှင့် မီးဖွင့်လိုက်သည်။

အခန်းတစ်ခုလုံးသည် သပ်ရပ် သန့်ရှင်း​နေကာ... ဘာပစ္စည်းမှ များများစားစားမရှိ​ချေ...။

လိုအပ်​သော ပစ္စည်း​လောက်သာရှိပြီး မည်သည့်​နေရာကိုမှ အလှမဆင်ထား​ပေ...။

ကျဥ်း​မြောင်လှ​သော ဧည့်ခန်း၏ နံရံများကို အဖြူ​​ရောင်သုတ်ထားပြီး၊ ဧည့်ခန်းအတွင်းတွင် သစ်သားစားပွဲခုံတစ်လုံးနှင့် နှစ်​ယောက်ထိုင်ဆိုဖာခုံတစ်လုံးသာရှိ၏။ နံရံ၏ ​ဘေးဘက်တွင်မူ ရိုးရိုးရှင်းရှင်း စာအုပ်စင်တစ်ခုသာရှိပြီး ထိုစင်ပေါ်တွင်တော့ စာအုပ်အများအပြားကို အစီအရီ တင်ထားလေ၏။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now