Chapter - 52

1.7K 451 34
                                    

[Unicode]

ချူယုသည် ကုတင်​ပေါ်တွင် လဲ​လျောင်း​နေရင်းဖြင့် အိပ်​ပျော်ရန် ကြိုးစား​နေမိ​တော့သည်။ ​အရင်တုန်းက​တော့ ​ခေါင်းအုံးနှင့် ​ခေါင်း ထိလိုက်ရုံမျှနှင့် တစ်ခါတည်း တန်းပြီး အိပ်​ပျော်သွားတတ်​သော၊ သူ၏ မျက်လုံးများသည်၊ ယခုအခါတွင်​တော့ ​စောင်ကို တင်းတင်းကြပ်ကြပ်ခြုံ၍ အိပ်​ပျော်ဖို့ ကြိုးစား​နေတာ​တောင် လုံးဝ အိပ်လို့မရပဲ ဖြစ်လို့​နေ၏။

သူအိပ်လို့ မ​ပျော်​သော ညမှပင် မိုးကလည်း သည်းသည်းထန်ထန် ရွာသွန်း​နေပြန်သဖြင့်၊ ထိုမိုး​ရေစက်များက ပြူတင်း​ပေါက်​ဘောင်ကို လာ​ရောက် ထိမှန်​နေ​သော၊ အသံ​ကြောင့် လွန်စွာမှ စိတ်အ​နှောင့်အယှက် ဖြစ်​လို့နေ​တော့သည်။ အရင်တုန်းက​တော့ ယခုလို မိုးရွာ​နေ​သော အသံသည်၊ သည်​လောက်အထိ ဆူညံ​နေမှန်း သတိမထားမိ​ပေ...။

အိပ်လို့မှ, မရပါဘူးဆို၊ ဒီမိုးရွာတဲ့ အသံက တစ်မျိုး...။

စိတ်တိုတိုဖြင့်ပင် ချူယုသည် ​ဘေးနားက ​စောင်အပါးတစ်ထည်ကို ဆွဲယူလိုက်ပြီး၊ မျက်နှာကို အုပ်ပစ်လိုက်၏။

ထိုသို့လုပ်လိုက်မှပင် ချူယုသည် ရုတ်တစ်ရက်ဆိုသလို၊ အ​စောတုန်း အချိန်တုန်းက၊ လုရှီးက တံခါးကို ဖွင့်​လိုက်ကာ၊ သူ့အား တံခါးဝမှတစ်ဆင့် အခန်းအပြင်သို့ တွန်းထုတ်လိုက်ပြီး၊ အခန်းသို့ ပြန်၍ အိပ်ခိုင်းလိုက်သည့် ကိစ္စကို ပြန်လည်ပြီး အမှတ်ရလိုက်မိ​တော့သည်။ ထိုကိစ္စကို အမှတ်ရလိုင်သည်ဆိုရင်ပဲ ​စောင်ကို ကိုင်ထား​သော ချူယု၏ လက်မှာ ရုတ်တစ်ရက်ကြီး တင်းကြပ်သွားခဲ့၏။

ချူယု ခုမှ မင်းက ဘာဖြစ်​နေရတာတုန်းလို့...၊ လွန်ခဲ့တဲ့ 10 နှစ်​ကျော်လုံးလုံး တစ်​ယောက်တည်း အိပ်ခဲ့ရတာမဟုတ်ဘူးလား...?၊ ခုမှ တစ်​ယောက်တည်း အိပ်​နေရတာမဟုတ်...၊ အိပ်တတ်​အောင် အိပ်စမ်း ငတုံး​ကောင် ချူယု​ရေ...။

​ချူယုသည် သူ့ကိုယ်သူ ပြန်ဆုံးမ​နေရင်း၊ မျက်နှာကို ​စောင်ဖြင့် ဖုံး၍ အိပ်ထားသဖြင့် အသက်ရှူရတာ၊ ခက်ခဲလာပြီး မွန်းကြပ်လာခဲ့သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now