Chapter - 66

1.6K 340 17
                                    

[Unicode]

ဆယ်မိနစ်စာ မှတ်ဉာဏ်များသည် မြူမှုန်များနှယ်
တဖြည်းဖြည်း မှုန်ဝါးလာကာ ကွယ်ပျောက်လုနီးနီး
ဖြစ်လာ၏။

ချူယုသိသည့် တစ်ခုတည်းသော အရာသည်ကား
လုရှီးက သူ့အား နံရံထောင်သို့ တွန်း၍ အသက်ရှု
ကြပ်လာသည်အထိ ခပ်ကြမ်းကြမ်း နမ်းရှိုက်ခဲ့
သည်ဆိုတာကိုပင်။ သူ၏ နှုတ်ခမ်းများမှာ လုရှီး
၏ ပြင်းပြသော အနမ်းများကြောင့် ထုံကျသွားခဲ့
သဖြင့်၊ ချူယုမှာ နှုတ်ခမ်းကိုပင် ပြန်မစေ့နိုင်တော့
ဘဲ၊ အချစ်မျှင်များ တန်းလာရတော့သည်။

ချူယုသည် သူ၏ ရှေ့မှ လုရှီးအား ခပ်တွေတွေ
စိုက်ကြည့်မိလျက်၊ ယခုအချိန်တွင် လုရှီးသည် မိမိ
၏ တစ်ကိုယ်လုံးအား ဝါးမျိုပစ်ချင်နေသည်ဟူ၍
ပင် ထင်မှတ်ရသည်။

လုရှီးသည် ချူယု၏ ခံတွင်းထဲ၌ လှည့်လည်ကစား
နေသော သူ၏ လျှာကို ဖယ်ရှားလိုက်ရာ၊ ချူယုမှာ ဦးနှောက်ထဲ၌ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာသော မူးမိုက်မှုများကို ဖြေဖျောက်ရန်
အတွက် ချက်ချင်းပင် ဆောင်းဦးလေများကို အငမ်း
မရ ရှူရှိုက်လိုက်ရသည်။

ချူယု၏ လက်နှင့် ခြေထောက်များမှာ အားအင်ချိနဲ့
နေသဖြင့်၊ ချူယုမှာ လုရှီး၏ အင်္ကျီကော်လံကို ခပ်
တင်းတင်းဆုပ်ကိုင်၍ မျက်လုံးများကို တစ်ဝက်တစ်
ပျက် မှိတ်ကာ တစ်ဖက်လူ၏ ရင်ခွင်ထဲတွင် ကပိုက
ရို မှီနေရလေ၏။

သို့သော် ချူယု၏ ရင်ထဲ၌ အနမ်းနှင့် ပတ်သတ်ပြီး
သူရှာဖွေခဲ့သောအချက်အလက်များသည် ယုံကြည်
ကိုးစား၍ မရဘူးဟူ၍ အော်ဟစ်ပြောဆိုနေ‌မိပြီ။

လုရှီးအနေဖြင့် ထိုအချက်အလက်များအား တိတ်
တဆိတ် စစ်ဆေးမှ စစ်ဆေးခဲ့ပါသလား?

ချူယုမှာ သူတို့နှစ်ဦး၏ သွားများ အချင်းချင်းရိုက်
ခတ်ခဲ့သည့် အချိန်အား ပြန်လည် မြင်ယောင်ကြည့်
မိရာ၊ လုရှီးသည် စနစ်တကျ သင်ယူထားသော သူ
၏ အရည်အချင်းများကို မိမိအား ပြသလျက်ရှိပြီး
၊ မိမိ၏ အမှားကိုလည်း ပြန်လည်ပြင်ပေးသည်ကို
တွေ့လိုက်ရ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦး မနမ်းရှိုက်ခင်က
အချိန်အတော်ကြာ ယူခဲ့ရသည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now