Chapter - 61

1.9K 412 51
                                    

[UNICODE]

အခန်းတံခါးဝဆီမှ တစ်ဒုန်းဒုန်း ထုရိုက်သံ​ကြောင့် ချူယုသည် အိပ်​နေရာမှ နိုးလာခဲ့သည်။ ဆူညံလွန်း​သော​အသံကြောင့် ချူယုသည်၊ ပါးစပ်မှ​နေပြီး အနည်းငယ်​လောက် ပွစိပွစိ​ပြောလိုက်ပြီး​နောက်၊ ​ဘေးနားတွင်ရှိ​သော လူ၏ လက်​မောင်းကြားထဲသို့၊ ​ခေါင်း​လေးတိုး​ဝှေ့ပြီး၊ ပြန်လည် အိပ်​လိုက်၏။

အပြင်မှာ ရှိ​သော လူကလည်း၊ ဇွဲမ​လျော့​ပေ တံခါးကို တစ်ဒုန်းဒုန်း ထုရိုက်​နေလျှက်ဖြင့်၊ ပါးစပ်ကလည်း အကျယ်ကြီး၊ ​အော်​​ခေါ်​နေပြန်​သေးသည်။

"လု​ကော...၊ လု​ကော တံခါးဖွင့်၊ ချည်ငံစပ် ငါးဟင်းချို ပါလာတယ်...၊ လု​ကော... လု​​​ကော...!!!"

ချူယုသည် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့်၊ အပြင်ဘက်မှ လူ၏ ​အော်ခံသံ​ကြောင့်၊ အံ့သွားခဲ့၏။

'ဘယ့်နှယ့် ငါနာမည်မှာ လု ဖြင့်တစ်လုံးမှ မပါပဲနဲ့၊ အပြင်ဘက်က လူက ဘာလို့ လု​ကောလို့ လာ​ခေါ်​နေရတာတုန်း...'

သူသည် အိပ်မှုန်စုံဖွားဖြင့်၊ မျက်လုံးကို မနည်းကြိုးစားပြီး ဖွင့်ကြည့်လိုက်ရာ၊ သူဟာ လူတစ်​ယောက်၏ လက်​မောင်းကို ​ခေါင်းခု၍၊ ထိုလူ၏ ရင်ခွင်အတွင်း၌ အိပ်​​ပျော်​နေသည်ကို သိရှိလိုက်ရ​တော့သည်။

သူ၏ မျက်လုံးများဟာဆိုရင် လုရှီး၏ ပုခုံးနှင့် တစ်တန်းတည်း ဖြစ်​နေ​သော​ကြောင့်၊ မျက်လုံးဖွင့်ဖွင့်ခြင်းအင်္ကျီ​ကော်လံ အဟကြားမှ၊ လုရှီး၏ ညှပ်ရိုးများကို တန်း၍ မြင်​နေရ​ပေသည်။

ထိုညှပ်ရိုးများကို ကြည့်​နေရင်း၊ ချူယုသည် မနက်​စော​စောစီးစီးကြီး၊ ရင်ခုန်လာသည့် သူ့စိတ်ကိုသူ ထိန်းချုပ်ဖို့ ကြိုးစားရင်း၊ တံ​တွေး တစ်ချက်မျိုချလိုက်ကာ၊ လုရှီးကို ​ခေါ်လိုက်၏။

"ချစ်သူလုလု..."

ချူယု၏ 'ချစ်သူလုလု'ဆို​သော၊ အ​ခေါ်အ​ဝေါ​ကြောင့် လုရှီးသည် ခပ်တိုးတိုး​လေး ရီမိသွားပြီး၊ သူ၏လက်​လေးဖြင့် ချူယု၏ ​နောက်​ကျောကို ခပ်ဖွဖွ​​လေး ပွတ်သပ်​​ပေးရင်း ပြန်​ဖြေလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now