Chapter - 73

1.4K 276 12
                                    

[Unicode]

သီးသန့်အခန်းထဲမှ လုရှီးနှင့် ချူယုတို့ ပြန်ထွက်လာသော အချိန်၌ အစ်ကို မုန်နှင့် ကျန်းယဲ့ရှန်တို့သည် ပန်းကန်ပြားများအား တူများနှင့် ခေါက်ကာ အချစ်သီချင်းများကို သီဆိုနေကြသည်။

အစ်ကိုမုန်က သူတို့ကို မြင်သောအခါ၊ လက်ဝှေ့ယမ်းပြလိုက်ပြီး -

"လာကြကွာ... မင်းတို့ကို စောင့်နေတာ ကြာပြီ!"

ချူယုသည် ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး၊ အစ်ကို မုန်အား ပြုံးပြလိုက်သည်။

အစ်ကို မုန်သည် သီချင်းဆိုရတာကို ငြီးငွေ့သွားပုံရ၏။ သူသည် ပန်းကန်းပြားများအား တူများနှင့် တဒေါက်ဒေါက် မခေါက်တော့ဘဲ၊ စိတ်ပျက်လက်ပျက် ဆိုလာခဲ့သည်။

"တကယ်တမ်း ငါတို့တွေ အစပ်များတဲ့ ဟင်းတွေကို မမှာခဲ့သင့်ဘူး၊ စွပ်ပြုတ်က ပူနေသေးရင် ဘယ်လိုလုပ်မလဲ?"

အစ်ကို မုန်၏ စကားသည် အနည်းငယ် ထူးဆန်းနေသည်။

လီဟွားက တည်ငြိမ်စွာ ဖြေကြားလာ၏။

"စွပ်ပြုတ်က ပူနေတုန်းပဲဆိုရင်၊ အအေးခံပြီးမှ သောက်သင့်တယ်... မဟုတ်ရင် ငါတို့ရဲ့ ပါးစပ်တွေ အပူလောင်ကုန်မှာပေါ့!"

ချူယုသည် လီဟွား၏ စကားကြောင့် လီဟွားအား အလိုလျောက် လှည့်ကြည့်လိုက်မိသည်။ ချူယု၏ စိတ်ထဲ၌
လီဟွားသည် မိမိ၏ အပျံသင်ခါစ အချစ်လေးအကြောင်းကို သိထားပြီးသားဟု အမြဲခံစားနေရသည်။

ချူယုသည် ထိုအကြောင်းကို အလေးအနက် ‌စဉ်းစားမိသောကြောင့် သူ၏ ဖုန်းကို ထုတ်၍၊ လီဟွားထံသို့ "!" တစ်လုံး ပို့လိုက်သည်။

လီဟွားသည် ချက်ချင်း စာပြန်ပို့လာ၏။

"?"

ချူယု: "!"

လီဟွားက "." ဟု ပြန်ပို့လာသည်။

ချူယုမှာ ပဟေဠိ ဖြစ်သွားရ၏။

ဤ “ . ” အမှတ်သည် ဘာကို ဆိုလိုပါသနည်း။

ချူယုသည် လီဟွားအား မည်သို့ စာပြန်ပို့ရမလဲဆိုသည်ကို သေသေချာချာ စဉ်းစားနေသည့်အခိုက်၊ လီဟွားထံမှ "ငါ သိတယ်"ဟူသည့် စာကို လက်ခံရရှိလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now