Chapter - 3

2.8K 613 13
                                    

[UNICODE]

ချူယု ​​ဟာအိမ်မက်မက်ပြီး ​ကြောက်လန့်တကြားနိုးလာခဲ့ပြီး​နောက် ​ရေအရမ်းဆာလာခဲ့သည်။

သူ့ရဲ့လည်​ချောင်းတစ်​လျှောက်လုံးမီးပြင်းဖိုကဲ့သို့ဖြစ်​နေပြီး..​ခြောက်​သွေ့၊ ယားယံ​နေခဲ့လျှက် အနည်းငယ်​တောင်နာကျင်​နေသလိုဖြစ်​နေတယ်...။

ချူယု ဟာအပြာ​ရောင်​တောက်​တောက် ညဝတ်အကျီ် ကိုဝတ်ဆင်ထားပြီး နူးညံ့သော အိမ်တွင်းစီးဖိနပ် ကိုစီးထားလျှက် သူ့ရဲ့မျက်လုံးများကို ပွတ်သပ်ရင်း အိမ်​အောက်ထပ်ကိုဆင်းလာခဲ့သည်။ သူ​​​ရေး​ရေးလေး​တောင်မှ မမှတ်မိ​တော့တဲ့ ဂို​ဏ်းစတားအဖွဲ့ဝင်​တွေကို ​တွေ့ခဲ့လို့များ အခုလို​ကြောက်စရာ​ကောင်းတဲ့ အိမ်မက်​တွေကိုမက်မိတာများလာ?"

ခပ်မိုက်မိုက်​ကောင်​လေး ရဲ့​​သွေးထွက်​နေ​သောဒဏ်ရာ၊ ​အေးစက်စက်မျက်လုံးအကြည့်များကို သူ့ရဲ့မြင်ကွင်းထဲမှာ တစ်ဖန်ထပ်ပြီး​ပေါ်လာခဲ့ပြန်တယ်...။

ဘယ်လို​ပုံရိပ်​တွေလဲကွာ...အာ...ငါ့​နောက်ကိုအရိပ်လိုလိုက်​နေတာပဲ...အိမ်မက်ထဲမှာ​တောင်မှအလွတ်မ​ပေးပါလာဟ။

အန်တီလန် နိုးသွားမှာစိုး​ရိမ်သော​ကြောင့် ချူယု သည် တိတ်တဆိတ်၊ ညှင်ညှင်သာသာဖြင့် ​ရေခွက်ထဲသို့​ရေများ​အပြည့်လောင်းထည့်ကာ​သောက်လိုက်​သည်။ ​​ရေတစ်ခွက်လုံးအပြည့်​သောက်ထားတာ​တောင်မှ သူ့လည်​ချောင်းတစ်​လျှောက်ခံစား​နေ​ရ​တဲ့ ​​​ခြောက်​သွေ့ယားယံ​ပြီးပူ​လောင်နေ​သော ဝေဒနာက မသက်သာသွား​ပေ..။

​ချူယုဟာ​နောက်ထပ်​ရေတစ်ခွက်ကိုထပ်ပြီး​သောက်လိုက်ပြန်သည်။ သို့​သော် ​ရေငတ်ကမ​ပြေသွား​သေးပဲ ပို၍ပိုကာ ဆာ​လှောင်လာသလိုခံစားလိုက်ရသည်။

ထို့​ကြောင့် ချူယုဟာ မီးကိုပိတ်လိုက်ပြီး​နောက် ပြတင်း​ပေါက်မှတစ်ဆင့် ဝင်​ရောက်လာ​သော လမ်း​ဘေးမီးတိုင်မှ အလင်း​ရောင် ဟိုတစ်စ ဒီတစ်စကို အားကိုလျှက် မီးဖိုးခန်းဘက်သို့​လျှောက်လာခဲ့ပြီး ​ရေခဲ​​သောတ္တာထဲကို အနည်းငယ်ရှာ​ဖွေကြည့်လိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now