Chapter - 48

2K 514 61
                                    

[UNICODE]

"လက်​တွေက ​ပျော့​နေတယ်...?"

မပီဝိုးတစ်ဝါးသံ​လေးဖြင့် လုရှီးသည် ​ရေရွတ်လိုက်ပြီးနောက်၊ လုရှီးသည် သူ၏ လက်ညှိုး​လေးကို ချူယု၏လက်ညှိုး​ပေါ်သို့ ထပ်တင်လိုက်ရင်း ​သေနတ်​မောင်း ခလုတ်ကို ဆွဲညှစ်ရန် ပြင်လိုက်သည်။

လုရှီး၏ အကြည့်စူးစူးများသည် ​ရှေ့သို့သာ စူးစိုက်၍ ကြည့်​နေလိုက်ပြီး၊ ချူယု၏ နား,အနားသို့ သူ၏​ခေါင်း​ကို တိုးကပ်လိုက်ရင်း၊ သေနတ်ပစ်ဖို့ရာအတွက် နံပါတ်စဥ်များကို စတင်၍ ခပ်ဖြည်းဖြည်းခြင်း ​ရေတွက်လိုက်​တော့၏။

"5, 4, 3, 2, 1"

​ရေတွက်သံ၏အဆုံး၌ ဒိုင်းကနဲ မြည်သံနှင့်အတူ ပစ်မှတ်ကို ထိမှန်သွား​​လေ​တော့သည်။

ထို့​နောက် လုရှီးသည် ချူယု၏ လက်​ပေါ်၌ အုပ်မိုး၍ ဆုပ်ကိုင်ထား​သော သူ၏လက်ကို ဖယ်ခွာလိုက်ရင်း ချူယုကို ​​ပြောလိုက်၏။

"​​နောက်တစ်​ခေါက် တစ်​ယောက်တည်း ကြိုးစားပြီး၊ ပစ်ကြည့်"

ချူယုသည် ယခုအချိန်ထိ စိတ်လှုပ်ရှားမှုက၊ မ​ပြေ​​ပျောက်သေးပဲ၊ အသက်ရှူနှုန်းက မြန်​နေ​သေး​ပေရာ၊ သူ့နှုတ်ခမ်းများ​က​တောင်မှ ​ခြောက်ကပ်​၍နေ​​တော့သည်။

ထို့​ကြောင့် ချူယုသည် သူ့လက်ထဲမှ ​သေနတ်ကို၊ လုရှီးလက်ထဲသို့ အတင်းပြန်ထိုးထည့်​ပေးလိုက်ရင်း...။

"​တော်... ​တော်ပြီ၊ မပစ်ရဲဘူး လုလု"

လုရှီးသည် ချူယုလက်ထဲမှ ​သေနတ်ကို ပြန်ယူလိုက်ရင်း...။

"မပစ်ရဲဘူး...၊ ဟုတ်လား...?"

"ဟုတ်၊ မပစ်ရဲဘူး..."

ထိုစကားကို ​​ပြောလျှင်​ပြောပြီးခြင်း၊ ချူယုသည် သူဟာ ရဲရင့်ကြောင်းကို သက်​​သေပြဖို့အတွက် လိုအပ်သည်ဟု ​တွေးမိလိုက်ပြန်သည်။ ထို့​ကြောင့် ​ချောင်းတစ်ချက်ဟန့်ကာ၊ ကိုယ်​နေဟန်ထားကို ပြုပြင်လိုက်ရင်း၊ တည်ငြိမ်​သော အသံကို ဖမ်းလျှက် ​ပြောလိုက်၏။

"တစ်ကယ်တမ်း​တော့ စတာ...၊ ပစ်ရဲတယ်..."

​ပြော​ပြောဆိုဆိုဖြင့်ပင် ချူယုသည် လုရှီးလက်ထဲမှ ​သေနတ်ကို ဆတ်ကနဲ ပြန်၍ဆွဲယူလိုက်ပြီး၊ TV ​တွေထဲမှာ မြင်ဖူး​သော Action ဇာတ်ကားများထဲမှ၊ ဇာတ်လိုက်မင်းသားစတိုင်ကို အတုခိုးကာ ဟန်ပါပါဖြင့် သေနတ်ပစ်ရန် ပြင်လိုက်​တော့သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now