Chapter - 1

8.9K 783 28
                                    

[UNICODE]

ကျင်ချွမ်လမ်းမကြီးသည် ညစ်ပတ်ရှုတ်ပွပြီး ပြိုလဲယိမ်းယိုင်​နေ​သောအ​ဆောက်အဦးများဖြင့် ပြည့်နှက့်​နေ​သော လမ်း​ဟောင်းကြီးတစ်ခုဖြစ်သည်။ တရားမဝင်​သော​ကြော်ငြာများ၊ ​ချေး​ငွေလုပ်ငန်းများ၊ ​ဆေးဆိုင်များနှင့် ​​ရှုတ်ပွစွာရေးခြစ်ထားခြင်းခံရ​သော မီးခိုး​​ရောင် အုတ်တံတိုင်းတစ်ခုရှိ​သည်။ ဝါယာကြိုးများသည် ပိုက်ကွန်သဖွယ်လိမ်ကျစ်လျှက် အုတ်တံတိုင်းနံရံ များ၏အ​ပေါ်မှ ခန်းစီးလိုက်ကာစသဖွယ်​အောက်သို့တွဲ​လောင်းကျလျက်ရှိသည်။ ထို့အပြင်ထိုအုတ်တံတိုင်း၏​အောက်​ခြေတွင် ပြာပုံကိုဖုံးအုပ်ထား​​သော မိုးကာတစ်ချပ်လဲရှိ​သည် သို့​သော် ထိုမိုးကာ၏အ​ရောင်သည်ကား မည်သည့်အ​ရောင်ရှိသလဲဆိုသည်ကို​​တော့ဖြင့် မည်သူမျှ မခန့်မှန်းတတ်​ပေ...။

ချူယုဟာဆိုရင် ဤစိတ်ပျက်ဖွယ်​ကောင်း​သောပတ်ဝန်း ကျင်အ​ခြေ​နေ​ကြောင့် နာရီဝက်​လောက်ကြာသည်အထိ အံ့သြဆွံ့အသွားခဲ့မိသည်။

သြဂုတ်လရဲ့​​ ပူပြင်း​လှ​သော ​နေ​ရောင်ခြည်ဒဏ်​ကြောင့် ချူယု၏ စိတ်သည် ကသိက​အောက် ဖြစ်​နေသည်။

ချူယုဟာ​အေး​အေး​ဆေး​​ဆေး လမ်း​လျှောက်လာရင်းဖြင့် ဒေသထွက်အစားအစာများကို လူမြင်ကွင်းတွင် ရိုးရှင်းစွာ ခင်းကျင်း​ထားသည်ကို မြင်​တွေ့လိုက်ရသည်။ အမဲသားစွပ်ပြုတ်ကို ပုံနှင့်တကွ ခင်းကျင်း​ဖော်ပြထားသည်ကို မြင်​တွေ့လိုက်ရ​သောအခါ ပါးစပ်ထဲမှတံ​တွေးများသည် ရွံရှာ​သောစိတ်​ဖြင့် အလိုလိုထွက်လာ​​​သော​ကြောင့် ထိုစိတ်ပျက်ဖွယ်​နေရာမှအမြန်​ပြေးထွက်လာလိုက်​မိ​တော့သည်။
___

"ဘယ်လို​တောင်စိတ်ပျက်ဖို့​ကောင်းလိုက်တဲ့ အသံ​တွေလဲကွာ"

သူ့​ရဲ့ခေါင်းတစ်ခုလုံး စိတ်​တွေကရှုတ်​ထွေး​​နေတယ်၊ ချူယုဟာ နံရံတစ်ခုရဲ့​ထောင့်ချိုးတ​နေရာ​ရောက်သည်အထိ သူ့ခြေ​ထောက်​တွေကိုမရပ်တန့်မိခဲ့ဘူး အဲ့အချိန်မှာပဲ သူ၀ိုးတိုးဝါးတာအသံ​တွေကိုကြားလိုက်ရသည်။ သူ့ဟာ​​ခန​လောက်တုံ့ဆိုင်းသွားပြီး​​နောက် ​​​ရှေ့သို့​ခြေလှမ်းအနည်းငယ်လှမ်းသွားခဲ့သည်။ ထို​နောက်အဲ့​နေရာကိုကြည့်လိုက်သည်။ အဲ့ဒါကအရမ်းအံ့သြစရာ​ကောင်းတဲ့အ​နေအထားဖြင့် လူတစ်စုမတ်တတ်ရပ်​နေတာကို​တွေ့လိုက်ရသည်၊ သူတို့​တွေရဲ့ ​မျက်နှာ ​ပေါ်မှာထင်ဟပ်​နေ​သော ဒေါသ​တွေ​ကြောင့် ​ဘေးနားက အပူချိန်​တောင် ၃၀ သို့မဟုတ် ၄၀ ဒီဂရီ​လောက်မြှင့်တက်​နေသလိုသူခံစားလိုက်ရတယ်၊
တိုက်ခိုက်ဖို့အတွက်လူ​တွေစုရုံး​နေကြတာလား?

Bite Your Fingertips [Myanmar Translation]Where stories live. Discover now