Chapter - 6

2.3K 560 3
                                    

[UNICODE]

"ဆရာတို့အခန်းက အမှတ်စဥ်အလိုက် အ​တော်ဆုံး​ကျောင်းသား 42 ​ယောက်နဲ့ဖွဲ့စည်းထားတာ ဒါ​ကြောင်မို့ ပင်မ​ကျောင်းက ​ကျောင်းသား​တွေ​ရော ​ကျောင်းခွဲက ​ကျောင်းသား​တွေ​ကောပါလာကြပြီ၊ ​အရင်ကမသိခဲ့ရင်​တောင်မှ ခုချိန်ကစပြီး မိသားစု စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းသွားကြဟုတ်ပြီလား..."

သူတို့၏ အတန်းပိုင်ဆရာဟာ စကားအရှည်ကြီး ​ပြောရသည်ကို ချစ်ခင်နှစ်သက် စွဲလမ်းပုံရပြီး စင်မြှင့်​ပေါ်တွင်ရပ်လျက် အဆက်မပြတ် မှာတမ်း​ချွေ​နေ​တော့သည်။ ​ကျောင်းသားအများစုကလဲ ခုံ​အောက်တွင် ဖုန်းကိုဖွက်လျက် ​အချင်းချင်း ဖုန်းဖြင့် ဆက်သွယ်ပြီး Group Chat ထဲမှ​နေပြီး စကား​ပြောဆို​နေကြ​တော့သည်။

'လုရှန်နှင့် ​ကျောင်းရဲ့ပန်းပွင့်​လေး ချူ တို့က စ​တွေကတည်းက ​ပြိုင်ဘက်​တွေ ဖြစ်​နေကြပြီ ဘယ်​တော့မှ အဆင်​ပြေနိုင်ကြမယ်မထင်ဘူး'

ထိုသို့သောသတင်းစကားသည် အ​လေ့ကျ​ပေါက်​နေ​သောအဝါ​ရောင်ပန်းပွင့်​က​လေးက ​လေနှင့်အတူ ​လေတိုက်ရာအရပ် ​မျောပါသွားသကဲ့သို့ တဟုန်ထိုး အခန်း A မှစပြီး ဒုတိယနှစ် တစ်တန်းလုံးသို့ ပျံ့နှံ့သွား​ပေ​တော့သည်။ ဒါတွင်မက​သေး​ပေ ​ကျောင်းတစ်​ကျောင်းလုံးကိုသာမက ​ကျောင်း၏
ဂိတ်ပေါက်တွင် ​စောင့်​နေ​သော လုံခြုံ​ရေးက အစ သန့်ရှင်း​ရေးဝန်ထမ်းပါ မကျန် ထိုသတင်းကို အကုန်လုံးသိသွားကြ​လေ​တော့သည်။

အခန်း A ဟာဆိုရင်ဖြင့် ကိုယ်ထူကိုယ်ထ စနစ်ကိုသာ ကျင့်သုံးလျက် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စကားများကို စတင်​ပြောဆို​နေကြသည်။

အခန်းတံခါး​ပေါက်ဝနားမှာ ထိုင်​နေ​သော ​ကျောင်းသားမှစပြီး အစဥ်လိုက် တစ်​ယောက်ချင်းဆီ ကိုယ့်ကိုကိုယ် မိတ်ဆက်စကား​ပြော​နေကြပြီး တစ်စုံတစ်​ယောက်က အဖွဲ့အစည်း တစ်ခုထဲသို့ ဝင်​​​​ရောက်ချင်ပါက သူတို့၏လုပ်နိုင်စွမ်းကိုပါ ထည့်သွင်းပြီး မိတ်ဆက်တတ်ကြသည်။

ချူယုဟာ သူ့ရဲ့မျက်လုံးများကိုမှိတ်ထားပြီး လက်​မောင်းကို ​ခေါင်ခုလျက် အိပ်နေတော့သည်။ မိတ်ဆက်စကား​ပြော​ဖို့ရာအတွက် သူ့အလှည့်​ရောက်ဖို့ရာ သူနှင့်​ဝေး​နေ​သေးသည်ဆိုတာကို​တော့ သူ၏နားမှ ကြားရ​သော အသံ​​တွေမှတစ်ဆင့် ဆုံးဖြတ်လို့ရ​လေသည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now