Chapter - 24

2.1K 537 63
                                    

[UNICODE]

Taxi ကားသည် မြို့​တောင်ဘက်ပိုင်းရှိ ချမ်းသာ​သော လူများသီးသန့်​နေထိုင်ရာ ဗီလာတစ်ခု၏ ​ရှေ့တွင် ရပ်တန့်လိုက်သည်။

​နောက်ခုံတွင် ထိုင်​နေ​သောချူယုသည် လုရှီး၏ ပုခုံးကိုမှီ၍ အိပ်​ချင်​ယောင်​ဆောင်နေပုံမှာ ယခုချိန်ထိ မျက်လုံးဖွင့်လာမည့်အရိပ်အ​ယောင်ကို မမြင်ရ​သေး​ပေ...။

လုရှီးသည် မျက်လုံးကို ​အောက်ကိုငိုက်၍ လှုပ်စိလှုပ်စိ ဖြစ်​နေ​သော ချူယု၏ မျက်လုံးများကို ကြည့်လိုက်ပြီး​နောက်...။

"နိုး​နေတာ သိတယ်​နော်..."

ဘာမှ တုန့်ပြန်မလာ​ပေ...။ လုရှီးသည် ထပ်​ပြောလိုက်၏။

"လွန်ခဲ့တဲ့ ငါးမိနစ်​လောက်တုန်းက မျက်လုံး​တွေပွင့်လာတာ မြင်တယ်​နော်...၊ ပြီးမှ ချက်ခြင်းပြန်ပြီး မျက်လုံး​တွေ ပြန်မှိတ်လိုက်တာ ကိုယ်သိတယ်"

ဒီ​လောက်ထိ ချက်ကျလက်ကျ ​ပြောပြ​နေတာ​တောင် ချူယု၏မျက်လုံးများက လှုပ်တုတ် လှုပ်တုတ်ဖြင့် အိပ်ချင်​ယောင်​ဆောင်လို့ ​ကောင်း​နေဆဲပင်...၊ ခပ်တည်တည်ဖြင့်ဖြင့် ယခုချိန်ထိ လုရှီး၏ ပုခုံး​ပေါ်တွင် တုတ်တုတ်မှ မလှုပ်ပဲ ရှိ​နေ၏။

စက္ကန့်အနည်းငယ်​လောက် ကြာ​သောအခါမှသာ ချူယုသည် တဖြေးဖြေးချင်း ထလာပြီး​နောက် သူ၏ မျက်လုံးများကို ပွတ်လျက် ​ဘေးဘီဝဲယာသို့ ကြည့်ရင်း စကား​ပြောလိုက်သည်။

"ဒီ​နေရာလား...?"

ချူယုသည် ဇ​​ဝေဇဝါ ဖြစ်​နေ​သော​ကြောင့် မ​ရေမရာ မ​သေချာဖြင့် ​မေးလိုက်သည်။ သူ့စိတ်ထဲမှာ​တွေး​နေမိသည်က ဘယ်လိုလုပ်ပြီး သူဟာလမ်းတစ်လျောက်လုံး လုရှီး၏ ပုခုံး​​ပေါ်တွင် မှီလျက် အိပ်​ပျော်သွားသည် ဆိုတာကို ခုချိန်ထိနားမလည်နိုင်ဖြစ်​နေ၏။ သူသည် တစ်ကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွားခြင်း ဖြစ်သည်။

သူအိပ်ယာမှ နိုးလာ​သောအခါ လုရှီး၏ ပုခုံး​ပေါ်တွင် မှီလျက်ရှိနေသောကြောင့် ​ကြောက်လန့်တကြားဖြစ်သွားပြီး၊ ချက်ချင်း မျက်လုံးများကို မှိတ်လိုက်မိ၏။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now