Chapter - 11

2.4K 601 29
                                    

[UNICODE]

​ကျောင်း​ဆေးခန်းသို့ သွားသည့် လမ်းတစ်​လျှောက်တွင် လုရှီးသည် ချူယုအား သူ၏​ကျော​ပေါ်တွင် ကုန်းပိုးလျှက် ​ရှေ့မှဦး​ဆောင်၍ သွား​ပေသည်။

သူတို့၏​နောက်တွင်​တော့ ​ကျောင်းအုပ်ကြီးနှင့်အတူ အ​​စောတုန်းက သူတို့နှစ်​​ယောက်အား​တွေ့သွား​သော ​ကျောင်းဆရာနှစ်​​ယောက်၊ ဝမ်လိလင်၊ အခန်း A ၏အတန်းပိုင်ဆရာ ယဲ့ကျိုးကျင်၊ အတန်း​ခေါင်း​ဆောင် ကျန်းယဲ့ရှန်တို့ကပါ အတူလိုက်ပါလာခဲ့​သည်။

​ကျောင်းအုပ်ကြီးဟာဆိုလျှင်ဖြင့် စိုးရိမ်​ကြောင့်ကြ​နေ​သော မျက်နှာ အမူအရာဖြင့် ချူယုအား ကြည့်လိုက်ပြီး​နောက် ​ကျောင်း​ကောင်စီ ဥက္ကဠ အားဖုန်း​ဆက်၍ စကား​ပြော​နေ​ပေသည်။ ဝမ်လိလင်သည် သူမအား အခန်းအပြင်သို့ ​ခေါ်ထုတ်ခြင်း ခံလိုက်ရ​သော​ကြောင့် စိတ်အိုက်​သော အမူအရာ ဖြစ်လို့​နေပြီး သူမ၏ မျက်နာဟာဆိုရင် ​အေးစက်စက် ဖြစ်​နေ​​တော့သည်။ ချူယုအား အနီးကပ် ကြည့်ရှူလိုက်​သောအခါ သူမ၏ မျက်နှာ​ပေါ်တွင် အနည်းငယ် စိတ်ရှုတ်​ထွေးသွားဟန် ​ပေါ်လွင်​နေ​ပေသည်။

လုရှီး၏ ပုခုံး​ပေါ်တွင် ကိုမာ ဝင်​​နေသော သူတစ်​ယောက်ပမာ လဲ​​လျောင်း​နေ​သော ချူယု​အားကြည့်လိုက်ပြီး​နောက် သူမ၏ စိတ်ထဲတွင်တော့ ခါးသီး​သော ခံစားချက်များကို ခံစား​နေရ​​ပေသည်။

သူမ၏ စိတ်ထဲရှိ​သော အတိုင်းသာ ​ပြောရမည်ဆိုပါလျှင် ဒီ​ကျောင်းသားနှစ်​ယောက်အား ဖမ်းဆီးပြီး သတ်တာ သတ်ပစ်လိုက်ချင်​တော့သည်။ အခန်း A ဟာဆိုရင် ပြသနာ​ပေါင်း ​သောင်း​ခြောက်​ထောင်ဖြင့် ထိန်းရခက်ခဲ​သော အတန်းဖြစ်​ပေသည်။ ​ကျောင်း၏ အဆင့်အတန်းသတ်မှတ်ချက်များ​ကြောင့် အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး အလွယ်တစ်ကူ လိမ်ညာလှည့်ဖျား​လို့ ရနေကြ​သောကိစ္စများကို ​ကျောင်း၏ ​ကျောင်းအုပ်ကိုယ်တိုင်က မတားဆီးနိုင်ပါက မည်သူကမှ ထိ​ရောက်​အောင် တားဆီးနိုင်​တော့မည် မဟုတ်​ပေ..။

ယခုဖြစ်စဥ်ကိုပဲကြည့်​လေ သူမက သူတို့အား လိမ္မာသွား​စေရန်အတွက် အကြိမ်အနည်းငယ်​လောက်သာ အပစ်​ပေးမိ​​သော်လည်း ဒီချူယုဆို​သော ​ကျောင်းသားသည် အလွန်းစက်ဆုပ်ဖွယ် ​ကောင်း​လောက်​အောင် အ​ကောင်းကြီးက​နေ ချက်ခြင်း လက်ငင်းကြီးကို မူးလဲသွားရသည် ဆိုတာက​တော့ဖြင့်...။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now