Chapter - 8

2.2K 547 15
                                    

[UNICODE]

ပထမဆုံး အတန်း မစမှီတွင် အခန်းထဲမှ ​ကျောင်းသားတစ်​ယောက်သည် ​နွေရာအိမ်စာများကို လိုက်လှန်သိမ်းဆည်း​နေသည်။ ထို့​နောက် Activities တစ်ခုခြင်းဆီတွင် ပါဝင်ချင်​ပါက ကိုယ်ပါဝင်ချင်သော Activity အားဖောင်ထဲတွင် တစ်ခါတည်း ထည့်​ရေးဖို့လိုကြောင်း​ပြော​လေသည်။

ချူယုဟာ သူ့အိမ်စာ စာရွက်များကို လှမ်း​ပေးလိုက်​ပြီးသောအချိန်တွင် လုရှီး၏ စာရွက်ကို လှမ်းကြည့်လိုက်​သည်။ လုရှီး​ရေးထား​သော ပုံစံမှာ သူ​ရေးထား​သော ပုံစံနှင့်သိပ်မကွဲပြား​ကြောင်းမြင်​တွေ့လိုက်ရ​ပေသည်။ သူသည် ကွက်လပ်​များကိုသာ ဖြည့်ဖို့​ရွေးချယ်ခဲ့ပြီး ကွက်လပ်​တွေကိုသာ ဖြည့်ထားခဲ့သည်။အ​ရေးကြီး​မေးခွန်းများတွင်သာ စာနှစ်​ကြောင်း​လောက် ဖြေထားပြီး ထိုမျှနှင့်မလုံ ​လောက်မှသာ ပုံဆွဲ၍​ဖြေဆိုထားသည်။ ထို့ထက်အပြင် ဘာမှ ပိုမ​ရေးထား​...။

ထိုအချိန်တွင် သူဟာ ​လေ့လာနိုင်စွမ်း မြင့်မား​သောနတ်ဘုရားဆီမှ မှန်ကန်​သော နည်းလမ်းတစ်ခုကို သင်ယူလိုက်ရ​ပေသည်။ မှန်ကန်တိကျပြီး လိုရင်း တိုရှင်းသာ ​ရေးဖို့ လိုအပ်​ကြောင်း.....ဘာပဲဖြစ်ဖြစ် နတ်ဘုရားက​တော့ နတ်ဘုရား ဖြစ်ထိုက်ပါ​​ပေသည်။

ထိုအချိန်တွင် စာရွက်များ လိုက်လံသိမ်းဆည်း​နေ​သော ​ကျောင်းသားက လှုံ့​ဆော်လာခဲ့သည်။

"မြန်မြန်လုပ်ကြ အတန်းတက်​တော့မယ် ပြီးရင် ကိုယ်ပါဝင်ချင်တဲ့ Activity အလိုက် ​ဖောင်ထဲ ထည့်​ရေးကြဖို့ မ​မေ့ကြနဲအုံး"

အခန်းတစ်ခုလုံးဟာဆိုရင် ​​ဆွေး​နွေးသံများဖြင့် ပြည့်နှက်လို့​နေသည်။ ကျန်းယဲ့ရှန်ဟာ ​ဘောပင်ကို ကိုင်ထားလျက် ချူယုဘက်သို့ လှည့်ပြီး​မေးလာခဲ့သည်။

"​ကျောင်းသားချူ Activity အတွက် မင်းဘာ​ရွေးဖို့ စဥ်းစားထာလဲ.. ငါက​တော့ ခုထိမဆုံးဖြတ်ရ​သေးဘူး တင်းနစ်၊ ဓါးသိုင်း ဒါမှမဟုတ် တိုက်ကွမ်ဒို... တစ်ခုခု​ပေါ့ သုံးခုစလုံးက​တော့ ငါအရမ်းကြိုက်တဲ့ဟာ​တွေကြီးပဲ"

သူဟာ ချူယု​ရေးထား​သော စာရွက်ကိုကြည့်လိုက်ပြီး​နောက် မျက်လုံးပြူး သွားခဲ့သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now