Chapter - 70

1.5K 293 16
                                    

[Unicode]

မိုဘိုင်းဖုန်းထဲရှိ ဆော့ဝဲလ်တစ်ခုသည် ရာသီဥတုနှင့် ပတ်သတ်ပြီး၊ ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ အအေးလှိုင်းသည် မြောက်ဘက်မှ တောင်ဘက်သို့ ဖြတ်မည်ဖြစ်ပြီး၊ အကျိုးသက်ရောက်မှုသည်လည်း သိသာထင်ရှားမည်ဆို၏။ ဥပမာအားဖြင့် ညလယ်ခေါင်တွင် အပူချိန် ရုတ်တရက် ကျဆင်းခြင်းမျိုး။

ချူယုသည် ကုတင်ပေါ်တွင် လဲလျောင်းလို့ နေရင်း၊ အပြင်ဘက်ရှိ လေပြင်းတိုက်ခတ်သံများကို နားထောင်နေခဲ့သည်။

သူငယ်ငယ်တုန်းက ညဆိုလျှင် ကြောက်တတ်ကြောင်းကို သတိရမိ၏။

ဥပမာ အလင်းရောင်ထဲရှိ အရိပ်များသည် ကြောက်စရာ မွန်စတားများကဲ့သို့ တဖြည်းဖြည်း ကူးပြောင်းသွားပြီး၊ လေပြင်းဒဏ်ကြောင့် သစ်ကိုင်းသစ်ခတ်များသည်လည်း တစ်ခုနှင့် တစ်ခု ထိခတ်မိကာ တရှဲရှဲ မြည်နေတတ်သလိုမျိုး။

ထိုစဉ်က သူသည် ညစဉ်ညတိုင်း အခန်းတစ်ခုလုံး မီးများဖြင့် ထိန်ထိန်လင်းအောင် ထွန်းထားတတ်ပြီး၊ သူ့ကိုယ်သူ ပုံပြင်များ ပြန်ပြောပြကာ၊ အိပ်ပျော်သွားသောအခါ၌ မကြောက်တော့ရန် တိတ်တခိုး မျှော်လင့်ခဲ့ဖူးသည်။

ချူယုသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ့ဖုန်းကို ထုတ်ကာ၊ ဂိမ်းတစ်ခုအား ဒေါင်းလုတ်ဆွဲလိုက်၍ ကိုယ်ဟန်အနေအထားကို ပြင်လျက်၊ ဂိမ်းဆော့ရန် ပြင်လိုက်၏။

ထိုဂိမ်းအသစ်သည် အစပိုင်းတွင် ရိုးရှင်းလွန်းသဖြင့် ချူယုမှာ ဦးနှောက်ပင် သိပ်သုံးစရာ မလိုလိုက်ပေ။ သူသည် လယ်ပယ် 4 နှင့် လယ်ပယ် 5 သို့ အလွယ်တကူ ရောက်ရှိသွားသည်။ ဂိမ်းက လွယ်ကူလွန်းသဖြင့်၊ သူ၏ စိတ်ဝင်းစားမှုသည် အလိုလို လျော့ကျသွားခဲ့ပြီး၊ ချူယုသည် မတတ်နိုင်သည့်အဆုံး တံခါးရှိရာဆီသို့သာ အကြည့်ပို့လိုက်မိသည်။

သူ့မေမေသည် ဘယ်တုန်းကမှ အိမ်သို့ အကြာကြီး မနေဖူးခဲ့ချေ။ သူမအနေဖြင့် အဆောတလျင် လုပ်ရမည့် လုပ်ငန်းဆောင်တာများ အမြဲလိုလို ရှိနေခဲ့သည်။

'မေမေ ပြန်သွားပြီလား???'

ချူယုသည် အစောနတုန်းက ရှီရန်လင် ပြောခဲ့သော စကားများနှင့် ရှီရန်လင်၏ တင်းမာသော မျက်နှာထားကို မြင်ယောင်မိကာ၊ စိတ်ပျက်လက်ပျက် ခံစားလိုက်ရသည်။ သို့သော် သူ့အနေဖြင့် ထိုစိတ်ပျက်လက်ပျက်ဖြစ်ခြင်းများကို ဖယ်ထုတ်ပစ်ရန် အချန်သိပ်မယူလိုက်ရပြန်ပေ။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now