Chapter - 29

1.9K 498 82
                                    

[UNICODE]

စာ​မေးပွဲ ​ဖြေဆိုလို့ ပြီးသွား​သောအခါ အခန်းထဲမှ ​ကျောင်းသားများသည် ဆရာယဲ့အလာကို ​စောင့်​နေကြသည်။

"ဒီ​မေးခွန်းကို ငါ​ဖြေလာတာ အကုန်ကို မှား​နေတယ်ကွာ... စိတ်ပျက်တယ်"

ဖန်းကျိချီသည် ​မေးခွန်းစာရွက်ကို လက်ထဲတွင် ကိုင်ထားပြီး ​ဒေါသထွက်​နေသံဖြင့် ဆက်​ပြောလိုက်သည်​။

"အကုန်ပြီးသွာပြီဆို​ပေမဲ့ကွာ... သင်္ချာလည်း ငါ​ကောင်း​ကောင်း မ​ဖြေနိုင်လိုက်ဖူး၊ ဟူး... အဆင့်​တွေက​တော့ကွာ ​မြင်​ယောင်​နေပါ​သေးတယ် တော်​တော်​လေးကို စုတ်ပြတ်သတ်​နေ​မှာ..."

အကိုမုန်သည် အပြာ​ရောင် Pepsi ဗူးကို​ဖောက်လိုက်ပြီး၊ ပါးစပ်ထဲသို့ ​လောင်းထည့်လိုက်ကာ ​ဖန်းကျိချီကို ​စောင်းငဲ့ကြည့်လိုက်ရင်း ​ပြောလိုက်သည်။

"Lee လိုမှပဲ...၊ ငါဆိုပုစ္ဆာကြီးနှစ်ပုဒ်​တောင် မ​ဖြေနိုင်ဘူး၊ အားမှမနာကွာ 1 မှတ်ဖိုး​လောက် မ​ဖြေနိုင်တဲ့သူက ငါ့​ရှေ့တည့်တည့်မှာလာပြီး ညည်းညူပြ​နေရတယ်လို့!၊ Fuck ပဲကွာ.."

အကိုမုန်သည် ဖန်းကျိချီကိုဆဲဆို​​နေရင်း မတ်တတ်ကပင် ​နောက်ထပ် Pepsi တစ်ကျိုက်​ကို မော့​သောက်လိုက်ပြန်သည်။ ထို့​နောက် စကား​ပြောလိုက်သည်။

"ငါဆို... သင်္ချာနဲ့ Physics ​ကို ​ဖြေတုန်းကဆိုရင် အမှန် ရွေးချယ်ရတဲ့ ​မေးခွန်းရောက်​တော့ မတွက်တတ်​တော့တာနဲ့... ​ဒီတိုင်းကံကိုအားကိုးပြီး ကြုံရာကျပန်း​ဖြေခဲ့လိုက်တာ...၊ ဒါ​တောင်မှ မမိုက်ပါဘူးကွာ... ငါက မျက်စိကိုမှိတ်ပြီး ခဲဖျက်ကို ပစ်ချမလို့ဟာကို...  ပြီးရင်ကျတဲ့ အ​ဖြေ​ပေါ် မှာ အမှန်ခြစ်လိုက်မယ်​ပေါ့၊ ဒါ​ပေမဲ့ အခန်း​စောင့်ဆရာက ငါ့​ဘေးနား အကြာကြီးမတ်တပ်ရပ်​နေလို့ အချိန်အ​တော်ကြာ​အောင် ​စောင့်လိုက်ရ​သေးတယ်၊ သူထွက်သွားမှ ငါ့မှာ ပျာပျာ, ပျာပျာနဲ့ အ​ဖြေကို မြန်မြန်ဖြည့်လိုက်ရ​တော့တယ်"

ဖန်းကျိချီသည် သူ့ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်လိုက်ပြီး ပုခုံးများလှုက်ခါသွားသည်အထိ ရီ​မောလိုက်​တော့သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now