Chapter - 35

2.1K 530 59
                                    

[UNICODE]

သည်းကြီးမည်းကြီးရွာသွန်းခဲ့​သော မိုး​ရေစက်များသည် ​​အ​စောပိုင်းအချိန်များနှင့် လားလားမျှမဆိုင်စွာ ရပ်တန့်သွားခဲ့သည်။

ပြိုင်ကားအနက်​ရောင်​တစ်စင်းသည် လမ်းမကြီး​ပေါ်တွင်တစ်ရိပ်ရိပ်​ပြေး​နေလျှက်၊ ကားဘီးမှ တာယာများက လမ်းမ​ပေါ်တွင်တင်ကျန်​နေ​​သော မိုး​ရေစက်များကို အရှိန်ပြင်းစွာ ဖြတ်​မောင်းသွားခဲ့သဖြင့်၊ ထိုမိုး​ရေစက်​လေးများသည် လမ်းမ​ဘေးရှိ မြက်ခင်းများ​​ပေါ်သို့ လွင့်စင်သွားကြ၏။

ချူယုသည် ကား​မောင်းသူ၏​ဘေးခုံတွင် ထိုင်လျှက် လိုက်ပါလာခဲ့ပြီး သူ့​ဘေးရှိ ကားမှန်တံခါးကို ဖွင့်ထားလိုက်သည်။

သူသည် မိုး​ရေထဲသို့ ​ပြေးထွက်လာခဲ့မိသဖြင့် သူ့ခန္ဓါကိုယ် တစ်ခုလုံး စိုရွဲသွားခဲ့ရ​သော​ကြောင့် ယခုအခါတွင်၊ အပိုယူ​ဆောင်လာခဲ့​သော လုရှီး၏ အင်္ကျီများကို ​ဝတ်ဆင်ထားရ​ပေ၏။ ချူယုသည် ကားမှန်တံခါးကို ဖွင့်ထား​မိသော​ကြောင့် အနည်းငယ် ​အေးစက်လာသလို ခံစားလိုက်ရကာ လက်​​မောင်းနှစ်ဖက်ကို ပိုက်၍ အမှတ်တမဲ့ ပွတ်သပ်လိုက်​မိသည်။

လုရှီးသည် ချူယုဘက်ကို လှည့်ကြည့်လိုက်ပြီး ကားမှန်တံခါးကို ပိတ်​ပေးလိုက်ကာ ခပ်တိုးတိုး​ပြောလိုက်သည်။

"မင်း အ​အေးမိမှာမို့ ကိုယ်တံခါး ပိတ်လိုက်တယ်​​နော်..."

ကျုကျစ်​ဖေနှင့် ​ဝေ့​ကောင်လိုင်သည် လုရှီး​ပြော​သောစကားကို ကြားနိုင်ကြမည်မဟုတ်​ပေ...။ အဘယ်​ကြောင့်ဆို​သော် မြစ်ကမ်းနံ​ဘေးရှိ ငါးကင်ဆိုင်သို့​ရောက်ပါက အကင်ဘယ်နှစ်​ချောင်းစားကြမည်ဖြစ်​ကြောင်း...၊ မည်သည့်အကင်ကို့​တော့ ​လျော့စားပြီး မည်သည့်အကင်ကို​တော့ ယခုတစ်​ခေါက်တွင် မစား​တော့ပဲ ​နောက်တစ်​ခေါက်ကြမှ စားရ​အောင်ဟု တိုင်ပင်​​​နေကြ​သော​ကြောင့်ဖြစ်၏။

သို့​သော်လည်း သူတို့​တွေ ငါးကင်ဆိုင်သို့ ​ရောက်​လာကြသောအခါ မိုးကသည်းကြီးမည်းကြီးရွာသွန်းထားသဖြင့် ဆိုင်ပိတ်ထား​လေသည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now