Chapter - 9.1

2.1K 521 7
                                    

[UNICODE]

ချူယုဟာ တစ်ညလုံး ​ကောင်း​ကောင်း အိပ်လို့မ​ပျော်​ဘူး...။

သူဟာ မသက်မသာ ခံစား​နေရတာ​တောင်မှ တူညီ​သောအိမ်မက်ကိုပဲ ထပ်ခါ ထပ်ခါ မက်​နေမိ​တော့သည်။ မနက်ခင်းသို့ ​ရောက်​သောအခါ သူ​လောဘတစ်ကြီး လိုချင်မက်​မောမိသော အနံ့ဟာဆိုရင် သူတို့၏ အိပ်ခန်း​ဆောင်များမှတစ်ဆင့် ခင်းထား​သော ​ကော​ဇောများကြားသို့ ဝင်​ရောက်လို့ လာပြီး သူ၏ နှာ​ခေါင်းဝသို့ တစ်လက်မခြင်းဆီ တစ်​​ဖြေး​ဖြေးခြင်း လွင့်ပျံ့လို့လာ​ပေသည်။ သူထိုသင်းပျံ​သော ရနံ့သည် မည်သည့်​နေရာမှ ရ​နေသလဲဆိုတာကို​ ကြိုးစားပြီးရှာ​ဖွေ​မိသော်လည်း မရှာ​တွေ​ပေ..။ ထိုသို့ရှာလို့မရ​သော​ကြောင့် သူသည် သူ၏ ​ခေါင်းအုန်း ကိုသာ​ဒေါသတစ်ကြီး ကိုက်ပစ်လိုက်​တော့သည်။

​နောက်ဆုံးမှာ​တော့ ဒယီးဒယိုင်ဖြင့် အိပ်ယာ​ပေါ်သို့ နာရီဝက်​လောက် တက်လှဲလိုက်ပြီး​နောက် ​ကျောင်း၏စာသင်ခန်းသို့ ရောက်လာခဲ့​တော့သည်။ မ​နေ့ညက ကိုယ်ပိုင်စာကြည့်ချိန်တစ်ချိန်လုံး ​ကျောင်း၏အိပ်ခန်း​ဆောင်အတွင်းသာ ကုန်ဆုံးလို့ သွားခဲရသည်။

ချူယု သူ၏စာသင်ခုံတွင် ဝင်ထိုင်လိုက်တာနှင့်တစ်ပြိုင်နက် ကျန်းယဲ့ရှန်ဟာ သူ့ကို လှည့်ပြီးကြည့်လာခဲ့သည်။

"မ​နေ့ည ကိုယ်ပိုင်စာကြည့်ချိန်တုန်းက အင်္ဂလိပ်ဆရာမက လာ​တော့ မင်းရဲခုံ လွတ်​နေတာကိုမြင်သွားတာ၊ အဲ့ဒါနဲ့ ဆရာမက​မေးလာတာ 'မင်းဘာဖြစ်တာလဲ
တဲ့' အဲ့ဒါနဲ့ငါလည်း 'မင်း​နေသိပ်မ​​ကောင်းလို့ အခန်းကို အရင်ပြန်ပြီးသွားနားတာ' လို့​ပြောလိုက်တယ်"

ချူယု၏အသားအ​ရေ ဟာဖြူဖတ်ဖြူ​​ရော် ဖြစ်​လို့​နေ​​ပေသည်။ သူဟာ ပျင်းရိစွာဖြင့် အာသမ်းလိုက်ပြီး​နောက် လှည့်ကြည့်လာခဲ့သည်။

"အခန်း​စောင့်တာဝန်ကျ​ခေါင်း​ဆောင်က ငါအတန်းပျက်ကွက်လို့စိတ်ဆိုနေတာလား!"

"အင်းဖြစ်​ကောင်းဖြစ်နိုင်တယ် တစ်ကယ်ကြီးကို အင်္ဂလိပ်ဆရာမက မျက်နာ ဆူပုတ်​နေတာကွ"

Bite Your Fingertips [Myanmar Translation]Where stories live. Discover now