Chapter - 27

2K 532 67
                                    

[UNICODE]

ချူယုအခန်းထဲသို့​ ရောက်​လာသောအချိန်သည် ​စောလွန်းလှသဖြင့်၊ လီဟွား​တောင် မရောက်သေးဘဲ... ခုံ​တော်​တော်များများသည် နေရာလွတ်နေ၏။

ကျန်းယဲ့ရှန်သည် တရုတ်စာ ဘာသာရပ်၏ ကဗျာများကို နံရန်​ပေါ်သို့ လိုက်ကပ်​နေ​သောအချိန်တွင်၊ ချူယုသည် အခန်းတံခါးမှ လှမ်းဝင်လာသည်ကို မြင်​လိုက်သောအခါ မျက်ခုံးတစ်ချက်ကိုပင့်၍ နှုတ်ဆက်လိုက်သည်။

"ဝါး... အ​စောကြီးပါလားဟ...၊ မ​နေ့ညက ငါတို့​ပေးထားတဲ့ ​မေးခွန်းစာရွက်​တွေကများလို့ နားမလည်တာ​တွေများပြီး... စာ​မေးမလို့ အ​စောကြီးလာတာလား..?"

ချူယုသည် မ​နေ့ညတုန်းက ​နောက်ကျမှ အိပ်ယာဝင်​သော်လည်း၊ စိတ်​တွေက လန်းဆန်းလို့​နေကာ ကျန်းယဲ့ရှန်ကို လက်ကို​ဝှေ့ယမ်းပြလိုက်ပြီး...။

"​ဟေး... ငါတို့ရဲ့အတန်း​ခေါင်း​ဆောင်ကြီး၊ ငါ အခန်းထဲကိုအ​စောကြီး​ရောက်လာလို့ လန့်သွားတာလား?"

ကျန်းယဲ့ရှန်သည် လုပ်လက်စအလုပ်များကို လုပ်​နေလျက်ကပင် ​ခေါင်းကို ​နောက်ပြန်လှည့်ကြည့်လာပြီး၊ ချူယုက ကျောပိုးအိတ်ကို ခုံ​​ပေါ်သို့တင်​နေသည်ကို ကြည့်​နေလိုက်ရင်းဖြင့်...။

"လန့်သင့်ရင်လဲ လန့်ရမှာပဲကွ၊ ငါတို့​ကျောင်းရဲ့ ပန်းပွင့်​လေးက ဒီ​နေ့ကျမှ ထူးထူးခြားခြား ​ကျောင်းကိုအ​စောကြီး ​ရောက်လာတာမလား... ဟား ဟား"

"ဘာလို့ငါ အ​စောကြီး ​ကျောင်းကို လာရသလဲ မင်းသိလား...? ခုချိန်ကစပြီး ငါက စာကို အပြင်းအထန် ကြိုးစား​တော့မလို့​လေ..."

ထိုသို့​ပြော​နေရင်းဖြင့် ချူယုသည် သူ၏ ထိုင်ခုံကို တစ်သျူးဖြင့် သုတ်လိုက်သည်။ ထို့​နောက် သူ၏ ​ကျောပိုးအိတ်ထဲမှ တစ်ကူးတစ်က မှာထားရ​သော ​ရောင်စုံ ​ဘောပင်​လေးများကို ထုတ်ယူလိုက်ရင်း ပိတိဖြစ်စွာ ကြည့်​နေလိုက်၏။

သူ၏​ကျောပိုးအိတ်သည် တကယ့်ရတနာသောတ္တာလေးတစ်လုံးပင်ဖြစ်လေသည်။ ထိုအထဲတွင် ​ပေတံ၊ ခဲတံ၊ စက်ဝိုင်းကဒ်၊ ​ရောင်စုံမှတ်စု၊ Highlighter၊ အ​ဝေးကြည့်မှန်​ပြောင်း၊ အခြားဗုစုခရု... အစရှိသဖြင့် စုံလင်​အောင် ထည့်ထားလို့ရ​ပေသည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now