Chapter - 22

2.1K 569 37
                                    

[UNICODE]

လုရှီးသည် သူ၏ကားကို ပန်းတိုင်းဟု သတ်မှတ်ထား​သော အဖြူ​ရောင် မျဥ်းကြားသို့ ဖြတ်ကျော်လာခဲ့ပြီး၊ ဆူညံ့စွာ ​အောင်ပွဲခံ​နေသံများကို ချန်ထားခဲ့လျက် လမ်း​ဘေးရှိ အ​မှောင်ရိပ် ကျနေ​သော တစ်​နေရာသို့ ​မောင်းလာခဲ့သည်။

ကားအင်ဂျင်သံ ရပ်တန့်သွား​သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူနှစ်​ယောက်၏ အသက်ရှူသံ ဖြည်းဖြည်းညှင်းညှင်းကိုသာ ကြား​နေရ၏။

ဆူညံစွာ ​မောင်း​နေ​သောကားသံများ၊ ကျယ်​​လောင်စွာ ​အော်ဟစ်ပြီး အား​ပေး​နေ​သောလူများ၏ အသံများဟာ၊ သူတို့၏ ​နောက်မှာ ကျန်ရစ်ခဲ့ပြီး ခုချိန်မှာ​တော ချူယုသည် အိမ်မက်တစ်ခုမှ မက်ပြီး လန့်နိုးလာရသလို ခံစား​နေရ​၏။

ချူယုသည် ဦး​ရေပြားတစ်ခုလုံး ထုံကျဥ်နေပြီး အသက်ကို အ​မောတ​ကော လုရှူ​နေရ၏။

သူ့ခန္ဓါကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သား​​ပေါင်း ​​ခြောက်ရာ​ကျော်ဟာလည်း ​တောင့်တင်းလို့​နေပြီး ပြင်းထန်စွာ နာကျင်​နေသလို ခံစား​နေရသည်။

သူ့လက်​ချောင်းများဟာဆိုရင်လည်း ​ပျော့ဖတ်လို့​နေပြီး ဘာကိုမှ ထိလို့ ကိုင်လို့မရ ဖြစ်​နေ​သေးသည့်အပြင်၊ သူ့ခန္ဓါကိုယ်က ဖင်ထိုင်ခုံ​ပေါ်သို့ ထိုင်​နေသည်ဆိုတာကို အသိအာရုံသာရှိပြီး အထိအ​တွေ့အာရုံက​တော့ ခုထိမခံစားရ​ပေ...။

သူ ခံစားလို့ရ​သော တစ်ခုတည်း​သော အာရုံမှာ သူ့နဖူး​ပေါ်တွင် ကပ်ညှိ​နေ​သော ​ချွေးများဖြင့်စိုရွှဲ​နေသည့် သူ၏ဆံပင်များဖြစ်သည်။ သူ့လက်​​တွေကို ကြိုးစားပြီး ​မြှောက်ကြည့်လိုက်​သောအခါမှာ​တော့ သူ့လက်​ချောင်းထိပ်ဖျား​လေးများဟာ ယခုချိန်ထိ တုန်ရီလို့​နေသည်ကို သတိထားမိလိုက်သည်။

လုရှီးသည် သူ၏လက်​ကောက်ဝတ်တွင် အနက်​ရောင် လက်ပတ်ကို ပတ်ထား​သော လက်တစ်ဖက်တည်းဖြင့် ကား၏ စတီယာတိုင်ကို ကိုင်ထား၏။ ကား​မောင်း​နေတုန်းက အချိန်နှင့် မတူညီကွဲပြားစွာ ယခုသူ၏ မျက်လုံးများတွင် နက်​မှောင်ပြီး ရန်လိုစိတ်ပြင်းထန်​နေ​သော အရိပ်အ​ယောင်များအစား၊ ချူယုအား ကြည့်​နေ​သောမျက်ဝန်းများထဲတွင် တစ်လက်လက်​တောက်ပ​နေ​သော ကြယ်​ရောင်စုံ​လေးများကဲ့သို့ လင်းလက်​နေ​​တော့၏။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now