Chapter - 39

2K 539 40
                                    

[UNICODE]

​သူတို့​တွေ ညဘက် ကိုယ်ပိုင်စာကြည့်ချိန် ပြီးသွား​သောအခါ ချူယုသည် သူ့အခန်းသို့ မပြန်​တော့ပဲ၊ လုရှီးအခန်းထဲသို့သာ လိုက်ဝင်လာခဲ့၏။

သူတို့နှစ်ဦး လုရှီးအခန်းထဲသို့​ရောက်​သောအခါ ​ချူယုသည် အရင်ဦးဆုံး စားပွဲခုံ​ရှေ့တွင် ဘေးချင်းကပ်ရက် ချထား​သော ခုံတစ်လုံး​ပေါ်သို့ ဝင်ထိုက်လိုက်သည်။

ဝင်ထိုင်လိုက်ပြီး လုရှီးသူ့​ဘေးနားသို့ လာထိုင်မည့်အချိန်ကို၊ လိမ်လိမ်မာမာ ကျိုးကျိုးနွံ့နွံ့ဖြင့် ထိုင်​စောင့်​​နေလိုက်၏။ မသိရင် ချူယုထိုင်​စောင့်​နေ​သော ပုံမှာ၊ မူလာတန်း ​ကျောင်းသားတစ်​ယောက်က၊ သူ့ဆရာ စာလာသင်မည့် အချိန်ကို ထိုင်​စောင့်နေသည့်အလား...။

လုရှီးသည် သူ့အင်္ကျီ၏ အ​ပေါ်ကြယ်သီး နှစ်လုံးခန့်ကို ဖြုတ်၍ ချူယု​​ဘေးနားက ကပ်ရက်ခုံတွင် ဝင်ထိုင်လိုက်ရင်း ​​ပြောလိုက်၏။

"ခုက ဂိမ်း​ဆော့ဖို့အတွက်​​၊ စိတ်ပူ​နေတယ်​​ ဆိုပါ​တော့...?"

"ဟုတ် နည်းနည်း​လေးပါပဲ...၊ တစ်ကယ် နည်းနည်းဆိုမှ နည်းနည်း​လေး​ပဲနော်...၊ အများကြီး မဟုတ်ဘူး"

ချူယုအ​နေဖြင့် စိတ်ပူ​နေသည် ဆိုပင်မဲ့လည်း ခုတစ်​ခေါက်ကစားမည့် ဂိမ်းပြိုင်ပွဲတွင် ယုံကြည်မှုက​တော့ အပြည့်အဝ ရှိ​နေ​ပေ၏။

ဘယ်လိုပဲဖြစ်ဖြစ် လုရှီးက သူ့လို ဘာမှမသိ နားမလည်​သော လူမျိုးကို​တောင် ပထမဆုံး အကြိမ်မှာ​တင်...၊ အဆင့် 200 အတွင်းသို့ဝင်​အောင် သင်ပြ​ပေးနိုင်ခဲ့တာမလား...၊ ​အေး​ပေါ့​လေ... သူ့ရဲ့ပင်ကို ဥာဏ်ရည်ကကောင်းတာလဲ ပါမှာ​ပေါ့၊ ခုလည်း လုရှီးလို လူမျိုးက ဂိမ်းကို ဘယ်လို​ဆော့ကစားရမလဲ ဆိုတာကို သင်​ပေးထား​တာ​လေ...၊ ​သေချာ​ပေါက် သူနိုင်မှာ​ပဲ​​ပေါ့... မဟုတ်ဘူးလား...?။

အချိန် နှစ်နာရီ​လောက် ကြာပြီးသွား​သောအခါ၊ ခဲတံဖြင့် ​မေးခွန်းစာရွက်များကို ​ဖြေ​နေ​သော လုရှီး၏ ​​ဘေးနားတွင်၊ ငြိမ်သက်စွာ ဂိမ်းထိုင်ကစား​နေ​သော ချူယုထံမှ ​အော်သံ ရုတ်တစ်ရက်ကြီး ထွက်​ပေါ်လာခဲ့သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now