Chapter - 20

2.1K 582 51
                                    

[UNICODE]

လူမှန် သူမှန်နှင့် သင်လိုက်ရခြင်း အကျိုး​ကျေးဇူး​ကြောင့် ချူယုသည် ​နောက်ထပ် သုံးရက်အတွင်းမှာပင် ရိုလာကိုစတာ စီးလိုက်ရ​သော အမြန်နှုန်းဖြင့် ဂိမ်းကစားနိုင်​သော စွမ်းရည်မှာ သိသိသာသာပင် တိုးတက်လာခဲ့၏။

​နေ့လည်စာ စားပြီးချိန်တွင် ချူယုသည် သူ၏ ခုံတွင်ထိုင်​​နေပြီး လီဟွား, ကျန်းယဲ့ရှန် နှင့်​လော်ကျားရှန်သည် သူ၏ ​ဘေးပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန် ဝိုင်းဖွဲ့ပြီး ထိုင်​နေကြရင်း ဂိမ်းတစ်ခုကို အတူတူကစား​နေကြသည်။

လုရှီးသည် ချူယု၏ ​နောက်တည့်တည့်တွင် မတ်တပ်ရပ်​နေပြီး လက်တစ်ဖက်က ချူယု၏ ထိုင်ခုံ​ပေါ်သို့တင်ထားလျှက် မျက်လုံးများက ​အောက်သို့စိုက်ပြီး ချူယု ကစား​နေသည့် ဂိမ်းအား ကြည့်​နေသည်။

"ငါက အသင်းလိုက်မ​ဆော့ပဲ့ အခုလိုတစ်​ယောက်ခြင်း ​ဆော့ရင်ကျ အရမ်း​တော်တာကွ၊ အထက်သွားလိုက် ​အောက်သွားလိုက် လျှင်ချက်က​တော့ကွာ 9+ပဲ၊ ငါ့ကို ဘယ်သူမှ မမှီဘူး ဟ ဟ"

​လော်ကျားရှန်သည် စကား​ပြော​ရင်း ဂိမ်းကစား​နေသည်။ သူစကား ​ပြော​နေရင်းနှင့်ပင် လီဟွားသည် ဂိမ်းထဲတွင် ​သေသွားသည်ကို​တွေ့လိုက်ရ၏။

"ဟား.... လီဟွား မင်း ​​သေပုံ​သေနည်းကလည်းကွာ အရမ်းကို လှတာ____"

​လော်ကျားရှန်သည် စကား​ပြော​နေရင်း တန်းလန်းနှင့်ပင်သူသည် ဂိမ်းထဲတွင် ​သေသွားရ​တော့၏။

ထိုအခါ ​လော်ကျားရှန်သည် သူ၏ ဖုန်းကို ​ဆောင့်ကြီး ​အောင့်ကြီးဖြင့် ပစ်ချလိုက်ပြီး​နောက် စိတ်ဆိုး မာန်ဆိုးဖြင့် ​ပြောလိုက်၏။

"ချီးတဲ့မှပဲ ငါကဘယ်လို ဖြစ်ပြီး ​သေသွားရတာလဲ...၊ ဘယ်​သောက်ကောင်က ငါ့ကို တစ်ချက်တည်းနဲ့ အ​သေသတ်ပစ်လိုက်ရတာလဲဟ"

လီဟွားသည် ချူယု​​ဘေးနားသို့ ပို၍ နီးကပ်​အောင် တိုးလိုက်ပြီး ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ကာ ချူယု ကာစားပုံ ကစားနည်းအား ကြည့်လိုက်ပြီး ​ပြောလိုက်၏။

"ဒီတစ်​ယောက်... ဒီတစ်​ယောက်... ဒီတစ်​ယောက်ကွ၊ မင်း သူ့ကို တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်၊ မိုက်တယ်ကွာ... ချူယု မင်းက ခု... တစ်​ယောက်ချင်းဆို အရမ်း​တော်လာပါလားကွ"

Bite Your Fingertips [Myanmar Translation]Where stories live. Discover now