Chapter - 72

1.5K 278 19
                                    

[Unicode]

လုရှီးသည် တံခါးအား ဂျိမ်းခနဲ ပိတ်ချလိုက်သည်။ ထိုအခါ ချူယုသည် အိပ်ခန်းထဲမှ နေ၍ ခေါင်းပြူထွက်ကာ အသံတိုးတိုးဖြင့် လုရှီးအား မေးလိုက်သည်။

"ချစ်သူလုလု , အနက်ရောင် အသည်းနှလုံးနဲ့ စုန်းမကြီး ပြန်သွားပြီလား?"

လုရှီးသည် တံခါးပေါက်နားတွင် မတ်တတ်ရပ်နေကာ ချူယုအား လှမ်းကြည့်လိုက်ပြီး -

"အင်း... ပြန်သွားပြီ"

သူသည် အေးစက်စက် နံရံအား မှီနေလျက်၊ ဖန်ဝမ်ယင်၏ မျက်နှာအမူအရာကို ပြန်စဉ်းစားကြည့်ကာ အနည်းငယ် မကျေနပ်သလို ခံစားလိုက်ရသည်။

သူမအား လက်စားချေရန်အတွက်ဆိုလျှင် ထိုမျှနှင့် မလုံလောက်သေးပေ။

သွေးကြွေးအား သွေးနှင့် ပြန်ဆပ်မှ ရပေမည်။

ချူယုသည် လုရှီး၏ မျက်နှာပေါ်မှ အမူအရာများကို ကြည့်ကာ၊ အလိုက်သိစွာဖြင့် တိတ်တိတ်ကလေး နေပေးလိုက်သည်။ အိပ်ခန်းထဲရှိ လုရှီး၏ ဖုန်းမြည်လာသောအခါမှ ချူယုသည် လုရှီးဘက်သို့ လှည့်ကြည့်လိုက်ပြီး -

"ချစ်သူလုလု , ဖုန်းက ..."

လုရှီးသည် ချူယု၏ သတိပေးသံကို ကြားလျှင်ကြားချင်း အိပ်ခန်းထဲသို့ လာကာ ဖုန်းကို ကောက်ယူလိုက်သည်။

ဖုန်းထဲမှ ဖန်ဝမ်ယင်၏ အသံသည် မကြာခင် လွင့်ပျံ့လာတော့၏။

"မင်းရဲ့ အိုင်ဒီယာက ဘယ်လိုမျိုးလဲ? ငါ ဟိုမျိုးမစစ်လေးရဲ့ မျက်နှာထားကို သည့်ထက်ပိုပြီး သည်းမခံနိုင်တော့ဘူး.... သူက ငါ့ကို ကူညီမှာ မဟုတ်ဘူး... အဲ့ဒီတော့ ငါ ဘာလုပ်သင့်လဲ..? ငါ အခု ဘာလုပ်သင့်လဲ?"

သူမ၏ နောက်ဆုံးစကားနှစ်ခွန်းသည် သူမအနေဖြင့် မည်မျှ ကယောင်ချောက်ချား နိုင်သည်မှန်း သိသာစေ၏။

ချူယုမှာ မနေနိုင်ဘဲ တွေးလိုက်မိသည်။

'အဲ့ဒီမိန်းမကြီးက စိတ်ပိုင်းဆိုင်ရာအရ မူမမှန်တာ ဖြစ်လိမ့်မယ်..!"

ချူယုမှာ သူမ၏ အသံကို ကြားလိုက်ရသည့် အချိန်တိုင်း အမြဲလိုလို ထိတ်လန့်တုန်လှုပ်ခဲ့ရ၏။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now