Chapter - 64

1.8K 375 18
                                    

[Unicode]

ချုယုမှာ လုရှီး၏ ပုံစံကြောင့် အစောနက သူရှာ
ဖွေခဲ့သော အချက်အလက်များသည် ယုံကြည်ကိုး
စား၍ မရမှန်း သိလိုက်ရသည်။

ချူယုသည် အမှောင်ထုထဲ၌ သူ၏ နားသယ်စတစ်
လျောက် ပွတ်တီးပွတ်သပ် လုပ်နေသော လုရှီး၏
နှာဖျားလေးကို အတိုင်းသား ခံစားနေရပြီး၊ မော
ပန်းလာသလို ခံစားလာရကာ၊ သူ၏ လက်ချောင်း
လေးများ ပူလောင်လာ၍ နောက်ထပ် မည်သို့ပြု
မူတုံ့ပြန်ရမည်ကို မသိတော့ချေ။

ချူယုသည် သူ၏ ပွင့်ဟနေသော အင်္ကျီကြားထဲမှ
အေးစက်သော လေများ၏ အထိအတွေ့ကို ခံစား
နေရသော်လည်း၊ အတန်ကြာလာသောအခါ ထိုနေ
ရာတွင် လုရှီး၏ လက်ဖဝါးအပူရှိုန်က ရှောက်ရှိလို့
လာခဲ့ပြီး၊ ထိုအပူရှိုန်ဟာ ‌ချူယု၏ ကျောရိုးမှတစ်
ဆင့် ခန္ဓာကိုယ်အနှံ့ တစ်လက်မချင်းစီ ရွေ့လျား
သွားလေ၏။

ချူယုသည် အနည်းငယ် ရှိုးတိုးရှန်းတန်းဖြစ်နေ
သော လေသံဖြင့် -

"ချစ်သူလုလု....ချစ်သူလုလုရဲ့ချစ်သူလေးက ဘယ်
လိုဆက်လုပ်ရမလဲဆိုတာ မသိတော့ဘူး..."

ချူယု၏အသံမှာ အနည်းငယ် လှုပ်ခတ်သွားလျက်။

ချူယုသည်ကား သူ့ကိုယ်သူ မည်မျှ စိတ်လှုပ်ရှား
နေကြောင်းကိုပင် သတိမထားနိုင်တော့ဘဲ၊ သူ၏ ပူ
နွေးစိုစွတ်နေသော လက်ချောက်လေးများဖြင့် လုရှီး
၏ ကုတ်အင်္ကျီကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်
ကိုင်ထားလိုက်မိသည်။

၎င်းဟာ ချူယုအနေဖြင့် မသိစိတ်အရ လုရှီးအား
ကြီးစိုးခြယ်လှယ်ခွင့် ပေးလိုက်သည့် သဘောပင်။

သို့သော်လည်း တဒင်္ဂကြာပြီးနောက် လုရှီးသည်
နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်လေသည်။

ချူယု၏ နှလုံးသားမှာ လုရှီး၏ လုပ်ရပ်ကြောင့် ဗ
လာကျင်းသွားလျက်၊ ချူယုအနေဖြင့် လုရှီး၏လုပ်
ရပ်ကို သေသေချာချာမတွေးတောနိုင်သေးခင်မှာပင်
သူ၏ ရှေ့ရှိ ပတ်ဝန်းကျင်တစ်ခုလုံး မီးရောင်များ
ဖြင့် လက်ခနဲ ထိန်းလင်းလာ၏။

အတန်းထဲရှိ မီးများ လင်းလာပေပြီ။

အစ်ကိုမုန်သည် အတန်းရှေ့တွင် မတ်တတ်ရပ်နေ
လျက်၊ လုရှီးနှင့် ချူယုတို့နှစ်ယောက်၏ ထူးဆန်း
သော အခြေအနေကို မြင်နေရသည့်တိုင် မည်သည့်
အထာမှ မပေါက်ဘဲနှင့် -

Bite Your Fingertips [Myanmar Translation]Where stories live. Discover now