Chapter - 49

1.9K 471 31
                                    

[UNICODE]

ရာသီဥတုသည် တဖြည်းဖြည်းချင်း ​အေးစက်သထက် ​အေးစက်လို့ လာခဲ့​ပေရာ၊ အချို့လူများသည် သူတို့၏ ကိုယ်ခန္ဓာပေါ်၌ အ​နွေးထည် အထူများကို ထပ်၍ ဝတ်ဆင်လာကြ​ပေ၏။

သို့သော်လည်း ချူယုကမူ သူများလုပ်တိုင်း ​နောက်
က လိုက်မလုပ်...၊ ​အအေးဒဏ်ကိုပင် မကြောက်
မရွံ၊ လှချင်ပချင်သဖြင့် အနွေးထည်ပါးပါးလေကို
သာ ဝတ်ထားသည်။

လီဟွားနှင့် ကျန်းယဲ့ရှန်တို့မှာ ချူယု၏ ယခုလို
စိတ်ထားအား မ​လေစားပဲ မ​နေနိုင်​ပေ...၊ အ​အေး
ဒဏ်ကို အံတု၍ လှချင်ပုံများက​တော့ တကယ်ကို
အောချရလောက်စရာ ဖြစ်နေတော့သည်။

ချူယုသည် အိပ်​ခန်းမှ​နေပြီး စာသင်ခန်းသို့ သွားရန် ​အောက်ထပ်သို့ ဆင်းလာခဲ့လိုက်၏။ ထိုအချိန်မှာပဲ ​လေတစ်ချက်က ​ဝှေ့၍ တတိုက်ခတ်လာသဖြင့်၊
ချူယုမှာ အ​အေးဒဏ်ကို ကာကွယ်ဖို့ရန်အတွက်၊
သူ၏ အနွေးထည်် အအပါးလေး၏ ကော်လံစကို ခပ်တင်းတင်း ဆွဲစိလိုက်မိသည်။

ထိုအချိန်မှာပဲ လုရှီးသည် ​ချူယုကို လေတိုက်ခတ်
ရာမှ၊ ကာကွယ်​ပေးဖို့ရန်အတွက် ချူ​ယု​ရှေ့၌
ကွယ်၍ ရပ်​ပေးလိုက်၏။

"​အေးလို့လား...?"

ချူယုသည် အသက်ကို ဝအောင် ခပ်ပြင်းပြင်း ရှူ
လိုက်ပြီး၊ သူကိုယ်‌တိုင်တောင် မသိလိုက်ပါဘဲ အေး
နေကြောင်း ဖြေလိုက်မိသည်။

"ဟုတ်...ကျွန်တော် အေးနေတယ်....!"

သို့ပေမယ့် ထိုသို့ပြောလိုက်သော ချူယု၏ စကား
အဆုံးသတ်လေးသာ တုန်ယီမသွားခဲ့လျှင်၊ လုရှီး
အနေဖြင့် ချူယုလိမ်ညာပြောနေကြောင်းကို ရိပ်မိ
လိမ့်မည်မဟုတ်ပေ။

သို့ဖြစ်၍ လုရှီးသည် ချူယု၏ လိမ်ညာစကားကို
မသိဟန်ဆောင်ကာ တစ်ဖက်အား နောက်ကြောင်း
သို့ ပြန်သွားရန် မပြောတော့ဘဲ၊ အေးစက်သည့်
လေဒဏ်မှ ကာကွယ်ပေး၍ ရှေ့ဆက်လျှောက်ရန်
ကူညီပေးလိုက်တော့၏။

မနက်ခင်း အစောပိုင်းဖြစ်သဖြင့် သွားလာလှုပ်ရှား
အနည်းငယ်သာ ရှိသည်။ ချူယုက အစောပိုင်း
မှ ပြောလိုက်သော သူ၏ စကားကြောင့် ကိုယ့်
ကိုယ်ကိုယ် မလုံမလဲဖြစ်နေသဖြင့် လုရှီး၏ အင်္ကျီ
ကို အသာအယာလေးဆွဲလိုက်ပြီး ထူးထူးဆန်းဆန်း
ပြောလိုက်သည်။

Bite Your Fingertips [Myanmar Translation]Where stories live. Discover now