Chapter(2)

31.3K 4.2K 64
                                    

လုယွင်ကျင့် သူ့ကားပေါ် မုန့်ရန် တက်လာတဲ့အခါ စိတ်ရှုပ်နေတဲ့အကြည့်နဲ့မေးလိုက်တယ်။

“မင်းမနေ့က မင်းမွေးနေ့ကို လော်ဆန်း
နဲ့ အတူဖြတ်သန်းမယ်လို့ပြောခဲ့တယ်
မလား?ရုတ်တရက်ကြီး ဆေးရုံကိုဘယ်လိုရောက်သွားတာလဲ?ဆေးစစ်ချက်တွေရောဘယ်လိုနေလဲ?ဘာမှမဖြစ်ဘူးမလား?”

“မောင်းနေရင်းနဲ့ ဆက်ပြောကွာ”လို့ မုန့်ရန်  ခါးပတ်ပတ်ရင်းပြောလိုက်တယ်။

“ဘယ်သွားကျမလဲ?အပြင်မှာ တခုခုသွားစားကျမလား?”

“ထိုင်ဖို့တစ်နေရာလောက်ပဲရှာလိုက်ကွာ”

လုယွင်ကျင့် ကားမောင်းနေရင်း ထပ်မေးပြန်တယ်။

“ဘာတွေဖြစ်နေတာတုန်းကွာ”

“မနေ့က လော်ဆန်း ငါ့မွေးနေ့မှာအတူမရှိနေပေးဘူးလေ၊အဲ့တာကြောင့်ငါအရက်တွေမူးအောင်သောက်ပြီး လမ်းမပေါ်တက်အိပ်နေလိုက်တာ၊ လူတွေက ငါသတိလစ်နေတယ်ထင်ပြီး ဆေးရုံကိုဖုန်းဆက်လိုက်တော့ Ambulance ကားက ငါ့ကိုလာခေါ်သွားတာ၊ငါဘာမှမထိခိုက်ခဲ့ဘူး”

လုယွင်ကျင့် စိတ်တိုတိုနဲ့ပြန်ပြောတယ်။

“လော်ဆန်း က မင်းနဲ့မွေးနေ့မှာအတူမရှိပေးနိုင်ဘူးဆိုရင်တောင် ငါ့ကို ခေါ်လိုက်ပါလားကွ၊ဘာလို့တစ်ယောက်တည်း သောက်ရတာလဲ?”

မုန့်ရန် တည်ငြိမ်စွာနဲ့ပြန်ပြောတယ်။

“လော်ဆန်းနဲ့ ယွီကျွင်းချန်က ငါ့နောက်ကွယ်မှာ တွဲနေကျတယ်”

လုယွင်ကျင့် Shock ရသွားတာကြောင့်မုန့်ရန် ကိုလှမ်းကြည့်တယ်။

“ဒါအမှန်ပဲလား?အဲ့တာကိုမင်းသိခဲ့ရလို့ ဝမ်းနည်းနေလို့ အရက်တွေမူးအောင်သောက်ခဲ့တာလား?”

မုန့်ရန် အသံတိတ်နေခဲ့ပြီး ဘာမှပြန်မဖြေခဲ့ဘူး။သူပြန်မမွေးဖွားခင်အချိန်က အရက်တွေမူးအောင်သောက်ခဲ့တာမှန်ပေမယ့်လော်ဆန်းနဲ့ ယွီကျွင်းချန်တို့အကြောင်းသိသွားခဲ့လို့တော့မဟုတ်ဘူး။ လော်ဆန်း သူ့မွေးနေ့မှာ အတူမရှိပေးခဲ့လို့ပါ။အတိတ်ဘဝရဲ့အတွေ့အကြုံအရဆိုရင်တော့ နောက်သုံးနှစ်လောက်နေမှ ဟိုနှစ်ယောက် လူမြင်ကွင်းမှာ ပေါ်တင်တွဲတော့မှ အဲ့အကြောင်းတွေကို
မု့န်ရန် သိခဲ့ရတာပါ။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now