Chapter (71)

18.9K 2.8K 100
                                    

အိမ်ကြီးရှင်တွေ အိပ်စက်အနားယူနေချိန်မှာ အိမ်အကူဝန်ထမ်းတွေက တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်နေကြတယ်။ရှေ့ကနေ ​ခြေဗလာနဲ့ ဒုန်းဆိုင်းပြေးနေတဲ့ သခင်လေးကို နောက်ကနေ အသည်းအသန်လိုက်ဖမ်းနေတဲ့ သခင်ကြီးကြောင့်
ဝန်ထမ်းတွေအကုန်လုံး ခြေမကိုင်မိ၊လက်မကိုင်မိတွေဖြစ်ကုန်ကြပြီ။

Flower room ထဲကို ပြေးဝင်သွားတဲ့ မုန့်ရန်က အခန်းတံခါးကို မပိတ်ရသေးခင်မှာတင် လော်ရှို့ရဲ့ သိမ်းကြုံးပွေ့ဖက်ခြင်းကို ခံလိုက်ရတယ်။

"လွှတ်ပေး!!!"

မုန့်ရန် ရုန်းကန်ပြီး လော်ရှို့ကို တွန်းထုတ်နေတယ်။

လော်ရှို့က အခန်းတံခါးကို ပိတ်လိုက်ပြီးတာနဲ့ မုန့်ရန်ကို ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်ပြီး တက်ဖိထားလိုက်တယ်။ရိုက်ပုတ်ရုန်းကန်နေတဲ့ လက်တွေကို အတင်းချုပ်ကိုင်ထားလိုက်တယ်။

"လွှတ်ပေးလို့ ပြောနေတယ်နော်!!!"

လော်ရှို့ တက်ဖိတာခံထားရတဲ့အတွက် မုန့်ရန် နည်းနည်းလေးမှ ရုန်းလို့မရဘူးဖြစ်နေတယ်။

မျက်ရည်အရွှဲသားနဲ့ မုန့်ရန်ကို လော်ရှို့က ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်လိုက်တယ်။

မုန့်ရန်ရဲ့ နှုတ်ခမ်းတွေရော၊လျှာတွေပါ ပူထူပြီးနာကျင်နေပြီ။လော်ရှို့တစ်ခါမှ သူ့ကို အခုလို အကြမ်းပတမ်း မနမ်းဖူးဘူးလေ။အောက်စီဂျင်ပြတ်လတ်လာတာကြောင့် ခြေတွေ၊လက်တွေပါ ပျော့ခွေလာတာကြောင့် ဒီထက်ပိုပြီး ရုန်းကန်ဖို့ မတတ်နိုင်ရှာတော့ဘူး။

လော်ရှို့က နမ်းနေရာကနေ မုန့်ရန်ကို ပေါင်ပေါ်တင်လိုက်ပြီး မုန့်ရန်ရဲ့ ညဝတ် ဝတ်စုံကို ဆွဲလှန်လိုက်ပြီး တင်ပါးကို အသံမြည်အောင် သုံးချက်လောက်ရိုက်လိုက်တယ်။

"အခုထိ ထွက်ပြေးချင်နေသေးတာလား??!!"

လော်ရှို့က တည်တင်းနေတဲ့ မျက်နှာထားနဲ့မေးလိုက်တယ်။

မုန့်ရန်တော်တော်လန့်သွားတယ်။အရိုက်ခံထားရတဲ့နေရာက တကယ်နာတာကြောင့် လော်ရှို့ကို ခံမပြောရဲတော့ဘူး။လော်ရှို့ရဲ့ အခုလို ကြမ်းတမ်းမှုကို တခါမှ မမြင်ဖူးတာကြောင့် စိတ်ထဲမှာ အသေကြောက်လန့်နေပြီ....

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now