Chapter (51)

24.5K 3.6K 281
                                    

ပြိုင်ပွဲကျင်းပမယ့် အချိန်နီးကပ်လာချိန်မှာ ဆရာတွေအကုန်လုံး  ပြိုင်ပွဲကျင်းပမယ့် နိုင်ငံကို ရောက်လာကြပြီဖြစ်တယ်။ဒီတစ်ခေါက်ပြိုင်ပွဲမှာ မုန့်ရန် ဝင်မပြိုင်ဖြစ်ပေမယ့် အင်တာဗျုးတစ်ချို့နဲ့ညစာစားပွဲတစ်ချို့မှာ မျက်နှာပြရဉီးမှာဖြစ်တဲ့အတွက် ပြိုင်ပွဲကျင်းပမယ့်တောင်ခြေမှာရှိတဲ့ ရေကန်ဘေးနားက Hotelမှာပဲ တည်းခိုဖြစ်ခဲ့တယ်။

နေ့ခင်းပိုင်း စားသောက်ပွဲတွေပြီးစီးချိန်မှာတောင် ညနေခင်းမှာ ကျင်းပမယ့် အမျိုးစားစုံလင်လှတဲ့ Party တွေက စောင့်ကြိုနေပြန်တယ်။Selsey က အလွန်လှပတဲ့ ရေကန်နံဘေးက ခန်းမထဲမှာ အသက် ၂၅ နှစ်အောက်လူငယ်တွေပဲတက်ရောက်ခွင့်ရှိတဲ့ Party တစ်ခုကို ကျင်းပဖို့ပြင်ဆင်နေတယ်။Party ကို တက်ရောက်မယ့်သူတိုင်းက အဖြူရောင်Coat ပဲ ဝတ်ဆင်ရမယ့်လို့လဲ သတ်မှတ်ထားပြန်သေးတယ်။

မုန့်ရန်တစ်ယောက် ရေချိုးပြီးတာနဲ့ လော်ရှို့ရဲ့ အဖြူရောင်Shirt အင်္ကျီတစ်ထည်ကိုယူပြီး အပြာရောင်ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်တယ်။အခုဆို မုန့်ရန်တစ်ယောက် မဆိုသလောက်လေး ဗိုက်ထွက်နေပြီဖြစ်တယ်။သူ့ရဲ့ ကိုယ်ပိုင်Shirtအင်္ကျီ တွေတောင်နည်းနည်း ကျပ်နေပြီဖြစ်တဲ့ အပြင် ခါးပတ်ပတ်ဖို့​တောင် သိပ်အဆင်မပြေတော့ဘူး။လော်ရှို့ရဲ့ Shirt အင်္ကျီက မုန့်ရန်အတွက် ဗိုက်ပူလေးကို ဖုံးထားနိုင်တဲ့အထိ ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာ ဖြစ်နေစေတယ်။

လော်ရှို့ လက်ထဲကဖုန်းကို ဘေးမှာထားလိုက်ပြီး မုန့်ရန်ရဲ့ ခါးကို ပွေ့ဖက်ပြီး မုန့်ရန်ကို ကြည့်လိုက်တယ်။

"မသောက်ရဘူး..ပြီးတော့ စောစောပြန်လာရမယ်"

" ကျွန်တော်က ဘာလို့သောက်ရမှာလဲ??"

လော်ရှို့ ကို မုန့်ရန် တစ်ချက်နမ်းလိုက်ပြီး....

"စိတ်အေးအေးထားစမ်းပါ..စောစောပြန်လာခဲ့မယ်နော်"

[TN: သွားမနေပါနဲ့တော့ဟယ် 😌😌]

လော်ရှို့တစ်ယောက် သူ့ရဲ့ Shirtအင်္ကျီကို ယူဝတ်ထားတဲ့ မုန့်ရန်ကို ကြည့်လိုက်တယ်။ညှပ်ရိုးလှလှလေးတွေကို မြင်နေရတဲ့ အတွက် လော်ရှို့တစ်ယောက် မုန့်ရန်ကိုအပြင်ပေးမထွက်ချင်တော့ဘူး။သူလေးက အလွန်တရာသန့်ရှင်းစင်ကြယ်ပြီး ဆွဲဆောင်မှုရှိလွန်းနေတယ်။မုန့်ရန်ကို ကြည့်နေရတာ ကပန်းလေးတစ်ပွင့် လှပစွာဖူးပွင့်လာတာကို Live ကြည့်နေရတာနဲ့ အလားသဏ္ဍာန်ဆင်တူလွန်းတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now