Chapter(10)

26.3K 4.1K 94
                                    

မုန့်ရန် နဲ့ လုကျင့်ယွင်တို့နှစ်ယောက်စလုံးကိုခင်မင်ဖူးခဲ့တဲ့သူငယ်ချင်းတစ်အုပ်ကတော့အခုချိန်မှာ ယွီကျွင်းချန် ဘက်တော်သားတွေဖြစ်ကုန်ကျပါပြီ။သူတို့က လော်မိသားစုအိမ်ထဲမှာရှိတဲ့မိုးလုံလေလုံရေကူးကန်နားမှာဝိုင်းဖွဲ့ပျော်ပါးနေကျတယ်။

“လော်ဆန်း က မုန့်ရန် နဲ့တစ်နှစ်လောက်တွဲခဲ့တုန်းကတောင်ငါတို့ကိုဒီအိမ်ကိုမဖိတ်ဖူးဘူး။အခုသူကမင်းနဲ့လဲတွဲရော ငါတို့ကိုပါ ဒီကိုဖိတ်တယ်ဆိုတော့ ကွာခြားလိုက်တာကွာ”

“မုန့်ရန် နဲ့ လော်ဆန်း တို့ကအပျော်တွဲခဲ့တာပါကွာ၊အခုမင်း(ယွီကျွင်းချန်)နဲ့ကျတော့ လက်ထပ်ဖို့တောင်ရည်ရွယ်ထားတာမလား၊အခုတောင်မကြာခင်စေ့စပ်ကျတော့မယ်ဆို၊ဟုတ်တာပေါ့! !ကွာခြားတာပေါ့ကွာ”

“မုန့်ရန် ကတော့ ဘယ်ဟာအကောင်း၊ဘယ်ဟာအဆိုးမှန်းမသိဘူးပဲ၊ခံစားချက်ဆိုတာနှစ်ဉီးနှစ်ဖက်ဖလှယ်ရတာလေ၊မချစ်ချင်ရင်မချစ်နဲ့ပေါ့၊ဘာလို့ ပြသာနာရှာပြီးအကျည်းတန်တဲ့လုပ်ရပ်တွေလုပ်ရတာလဲ?တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်မနေဘဲကောင်းကောင်းမွန်မွန်လမ်းခွဲလိုက်တာကပိုအဆင်မပြေဘူးလား?”

“ဟုတ်တယ်၊ ကောင်းကာင်းမွန်မွန်လမ်းခွဲခဲ့ရင် အခုနေဆို သူငယ်ချင်းတွေအဖြစ်ရှေ့ဆက်နိုင်ကျဉီးမှာ၊ လော်ဆန်း ရဲ့ဒေါသကိုသွားဆွတာတော့ မုန့်ရန် မိုက်မဲလွန်းတာပဲ”

”ငါက မုန့်ရန် ကိုမထိခိုက်စေချင်တာကြောင့်၊ ငါသူ့ကိုရှောင်ပြီး၊ နောက်တော့မှပြောပြဖို့အခွင့်ကောင်းရှာဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့်ငါ့ကြောင့် သူ နာကျင်ရတာပါ”

ယွီကျွင်းချန် ကအကူအညီမဲ့နေဟန်နဲ့ပြုံးလိုက်တယ်။

”ငါသူ့ကိုနောက်တော့မှ တောင်းပန်လိုက်ပါမယ်။ဒါဆို သူ…သူ.. စိတ်ဆိုးပြေလောက်မှာပါနော်?”

ဘေးနားကလူတွေကတော့ပြောရခက်နေဟန်နဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရတယ်။မင်းသူ့ကိုမနာကျင်စေရင် ဒီလိုအရာမျိုးတွေမလုပ်နဲ့ပေါ့။သေချာတာပေါ့....ဒီလူတွေက ယွီကျွင်းချန် ဘက်မှာနေဖို့ရွေးလိုက်မှတော့ စိတ်ထဲကအတွေးတွေကိုထုတ်ပြောပါ့မလား....

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now