Chapter (68)

17.1K 2.6K 21
                                    

Kaiရဲ့မိဘတွေနဲ့ ဖရန်ဆွန်တို့ကြားက မကျေလည်မှုတွေကို သိထားပြီးသားဖြစ်နေပေမယ့် ဖရန်ဆွန်ရဲ့ တောင်းတိုဆိုမှုကို လိုက်လျောဖို့ကို မုန့်ရန်တွန့်ဆုတ်နေပါသေးတယ်။

တစ်နေ့မှာတော့ Kai ကို ကုသပေးဖို့ ဆေးရုံကိုသွားတဲ့ အခါ Selsey ကိုတွေ့လိုက်ရတယ်။

"Selseyလား??"

"မုန့်ရန်"

မုန့်ရန်ကိုတွေ့လိုက်တဲ့အခါ Selseyအတော်အံ့သြသွားတယ်။

"မင်းဒီကိုဘယ်လိုရောက်နေတာလဲ??"

"ငါက Kaiကို ရနံ့ကုထုံးနဲ့ ကုသပေးနေတာ။မင်း သူ့ကို လာကြည့်တာလား??"

"ဟုတ်တယ်၊သူက ငါ့သူငယ်ချင်းလေ...သူ့အခြေနေကိုသိချင်လို့ appointment ယူပြီးလာတွေ့တာ"

နှစ်ယောက်သား မှန်ပြတင်းကနေတဆင့် Kai ကိုကြည့်နေခဲ့တယ်။

"သူ သတိပြန်ရလာဖို့ အချိန်ဘယ်လောက်ယူရမလဲ??"

"အတိအကျတော့မပြောနိူင်ဘူး။ငါတို့တွေဘက်ကတတ်နိူင်သမျှအကောင်းဆုံးကြိုးစားပေးထားပေမယ့် လူနာကိုယ်တိုင် နိုးထလာချင်စိတ်ရှိ၊မရှိပေါ်မှာမူတည်နေသေးတယ်။ပြီးတော့ငါ့ကို Kaiရဲ့မိဘတွေနဲ့ ဖရန်ဆွန်တို့ ကြားမှာဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေကို မင်းသိသလောက် ငါ့ကိုပြောပြပေးနိုင်မလား??"

ဆိုဖာပေါ်မှာထိုင်နေတဲ့ မုန့်ရန်နဲ့ Selsey တို့အတွက် လက်ထောက်တစ်ယောက်က ရေနွေးကြမ်းငှဲ့ပေးနေတယ်။ဖရန်ဆွန်နဲ့ Kai ရဲ့မိဘတွေကြားက မကျေလည်မှုတွေကို သိသင့်သလောက်သိထားတယ်ဆိုပေမယ့် နှစ်ဖက်စလုံးက ကိုယ်ဘက်ကိုယ်ယက်ပြီးပြောကျတာတွေဖြစ်တဲ့ အတွက် ဘေးလူတစ်ယောက်ကို မေးကြည့်လိုက်တာအကောင်းဆုံးပါပဲ...

Selsy က သက်ပြင်းချလိုက်ပြီး မုန့်ရန် သိလိုသမျှတွေကို ပြောပြပေးခဲ့တယ်။

တကယ်ကျတော့လဲ အဖြစ်အပျက်တွေက သိပ်တော့မရှုပ်ထွေးလွန်းလှပါဘူး။Kai ရဲ့မိဘတွေနဲ့ ဖရန်ဆွန်နဲ့က နှစ်ပေါင်းများစွာယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ဘက်တွေ...Kaiနဲ့ ဖရန်ဆွန်တို့ ချစ်သူတွေဖြစ်သွားကြတဲ့အခါ Kaiရဲ့မိဘတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။နည်းမျိုးစုံသုံးပြီး တွေ့ခွင့်မပေးခဲ့တာကြောင့် ဖရန်ဆွန့်ကို လွမ်းဆွတ်နေတဲ့ Kai က အိမ်ကနေ ခိုးထွက်ခဲ့တယ်။မတော်တဆလမ်းပျောက်သွားခဲ့တဲ့ kaiက လမ်းမှာတင် ဒဏ်ရာအကြီးအကျယ်ရသွားခဲ့တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now