Chapter (58)

25.1K 3.4K 272
                                    

မုန့်ရန်က ကားဘေးကိုလျှောက်သွားပြီး ယွီကျွင်းချန် ကိုကြည့်လိုက်တယ်။ယွီကျွင်းချန်ရဲ့ လက်ရှိ အသည်းအသန်ဖြစ်နေပုံနဲ့ဆို မုန့်ရန် လွှတ်ခိုင်းရင်တောင် သက်တော်စောင့်တွေက လွှတ်ပေးမှာ မဟုတ်လောက်ဘူး။

"ဘာပြောချင်တာလဲ??လော်ဆန်းအကြောင်းမေးမလို့လား?"

"ငါ..ငါမင်းကိုတောင်းပန်ချင်လို့ပါ။ငါ Flower room ထဲခိုးဝင်တဲ့ ကိစ္စကိုအမှုမဖွင့်ပါနဲ့နော်။ငါ့ကိုဒီတစ်ခါလောက်လေးပဲ ကူညီပေးပါ"

မုန့်ရန်ကို စိုးရိမ်တကြီးနဲ့ ကြည့်ပြီး လော်ဆန်းအကြောင်းကို မေးလိုက်ချင်ပါတယ်။သို့သော်လည်း ဒီကိစ္စကို သူမယုံနိုင်သေးဘူး။ဒီသတင်းထွက်ပေါ်လာရတဲ့ အကြောင်းပြချက်တစ်ခုခုရှိနေလိမ့်မယ်။အခုချိန်မှာ သူ့ရဲ့ ကိုယ်ပိုင်ပြသာနာကိုဖြေရှင်းဖို့သာလျှင် အရေးကြီးဆုံးအရာဖြစ်နေတယ်။

"ငါမင်းကို ဘာမှ မကူညီနိုင်ဘူး"

မုန့်ရန်က သရော်သလိုပြုံးလိုက်ပြီး...

"တကယ်ဆို ပစ္စည်းခိုးဖို့ကြံစည်တာ မင်းနော်။ငါတို့မင်းကို ထောင်ဖမ်းထားမှမဟုတ်တာ"

"မင်းဘက်ကတောင်းဆိုလိုက်ပါ။ ငါ့ဘက်ကလိုက်လျောနိုင်သမျှအကုန် ကတိပေးပါ့မယ်"

"ငါ့မှာ ဘာလိုအပ်ချက်မှမရှိဘူး။ငါ တံခါးကိုသေချာမပိတ်ထားခဲ့တိုင်း မင်းက ဝင်ရဲတယ်ပေါ့။အဲ့တာတွေကို မင်းလွယ်လွယ်ရသွားအောင် ထားထားမယ်လို့များထင်နေတာလဲ?"

"ငါ့ကိုယ်ငါ မထိန်းလိုက်နိူင်ဘူး။ငါမှားသွားပါတယ်။တောင်းပန်ပါတယ်။မင်းပိုင်တဲ့အရာတွေကို ဘယ်တော့မှ မက်မောတော့ဘူးဆိုတာ အာမခံပါတယ်။ဒီတစ်ခေါက် ကိစ္စကိုအကူညီပေးမယ်ဆို အဲ့တာတွေမင်းမှာ ရှိနေတဲ့အကြောင်း ဘယ်သူမှ မသိစေရပါဘူး"

"အဲ့တော့ မင်းပြောလိုက်မှာကို ကြောက်နေတယ်များထင်နေတာလား??မင်းပြောလိုက်တော့ရော ဘာဖြစ်သွားမှာ မို့လို့လဲ??မင်းကိုယ်မင်း ငါ့ရဲ့အားနည်းချက်ကို ချုပ်ကိုင်ထားနိုင်ပြီထင်နေတာလား??ငါ့ကိုလာခြိမ်းခြောက်နေတာလား??"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now