Chapter (56)

23.2K 3.4K 244
                                    

လော်ရှို့က ယွမ်မိုယူလာတဲ့ ဓားကိုယူပြီး ရှုမင်ဟွာရှေ့က စားပွဲပေါ်ကို ပစ်တင်လိုက်တယ်။

"အမေက မွေးကျေးဇူးပြန်တောင်းနေပြီဆိုကတည်းက ကျွန်တော့်ကလဲ မွေးကျေးဇူးကို ပိုက်ဆံနဲ့မဆပ်တော့ဘူး။ဒီနေ့ဒီချိန်ကစပြီး အမေ့အတွက် တစ်ပြားတစ်ချပ်မှ ကျွန်တော်ထုတ်ပေးတော့မှာမဟုတ်ဘူး။အဲ့တာကိုမှ မကျေနပ်ရင် အမေ မွေးပေးခဲ့တဲ့အသက်ကိုသာပြန်ယူသွားလိုက်တော့..ကျွန်တော့မှာ ဒီနည်းလမ်းကလွဲရင်ဘာမှမရှိတော့ဘူး။အမေ့ကို နှစ်ပေါင်းများစွာသည်းခံခဲ့ပြီးပြီဆိုတော့ လုံလောက်နေပါပြီ...သားအမိကြားက ဆက်ဆံရေးကို ကျွန်တော်ဆက်ပြီး ထိန်းမထားချင်တော့ဘူး"

ရှုမင်ဟွာ တစ်ကိုယ်လုံး ဒေါသကြောင့်တုန်ရီနေတယ်။

"အစ်ကိုကြီး..ဘယ်လိုဖြစ်လို့ အမေ့ရှေ့မှာ ဓားထုတ်နေရတာလဲ??အမေက..."

လော်ရှို့ရဲ့ ညီဖြစ်သူ လော်ချင်က ဝင်ပြောလိုက်တယ်။လော်ရှို့က ခေါင်းလှည့်ပြီး လော်ချင်ကို စိုက်ကြည့်လိုက်တဲ့အခါ လော်ချင်တစ်ယောက် အသံပျောက်သွားလောက်တဲ့ ကြောက်လန့်သွားတယ်။ပြီးတော့ လော်ရှို့ရဲ့ အကြည့်တွေကိုမခံနိုင်တာကြောင့်အကြည့်ချင်းမဆုံအောင် ခေါင်းကို တစ်ဖက်လှည့်ထားရတယ်။

"အဲ့တော့  နင်က သားအမိကြားကဆက်နွယ်မှုကိုဖြတ်ပစ်တော့မယ်ပေါ့??"

ရှုမင်ဟွာရဲ့မျက်နှာက ဒီအချိန်မှာအတော်ကြည့်ရဆိုးနေတယ်။

"ဟုတ်တယ်...အမေပြောတဲ့အတိုင်းပဲ...ကျွန်တော်နဲ့ အမေ့ကြားမှာရှိတဲ့ ဆက်နွယ်မှုကို ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်လိုက်တော့မယ်"

လော်ရှို့က အေးစက်နေတဲ့လေသံနဲ့ပြန်ဖြေလိုက်တယ်။

"သူ့ ကြောင့်နဲ့လား??"

ရှုမင်ဟွာက မုန့်ရန်ကိုလက်ညိုးထိုးပြလိုက်တယ်။

"ဒီလိုလူတစ်ယောက်အတွက်နဲ့ နင်က ကျေးဇူးကန်းတော့မယ်ပေါ့...မိုးကြိုးပစ်ခံရမှာမကြောက်ဘူးလား?"

"နတ်ဘုရားတွေမှာ မျက်လုံးပါတယ်ဆို ကျွန်တော်မိုးကြိုးပစ်ခံရမှာမဟုတ်ဘူး။ကျွန်တော့်ဘက်က အမေ့ကို အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီ"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now