Chapter (79)

16.6K 2.6K 60
                                    

[TN:ပြီးဆုံးရန် 9 ပိုင်းသာကျန်ပါတော့သည်]

ကျောက်ရိကို မြင်လိုက်တာနဲ့ မုန့်ရန်က ဝူဖန့်ကို အကြည့်တွေနဲ့ မေးမြန်းလိုက်တဲ့အခါ ဝူဖန် ရှင်းပြလိုက်တယ်။

"အော်...သူက ငါတို့ဆရာ လက်တလောလေးကတင်လက်ခံလိုက်တဲ့ တပည့်..သူ့နာမည်က ကျောက်ရိတဲ့...Fieldဆင်းတုန်းက ပထမရထားတာကြောင့် ဆရာက ငါတို့နဲ့ အတူ ထည့်လိုက်တာ.."

အတိတ်ဘဝမှာတုန်းက ကျောက်ရိက ရွှီဝမ်းယာရဲ့ တပည့်ဖြစ်တဲ့ အတွက် ယွီကျွင်းချန်ရဲ့ ဂျုနီယာတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ မှတ်မိနေပါသေးတယ်။အခုများကျတော့ ဘယ်လိုဖြစ်လို့ သူ့(မုန့်ရန်)ရဲ့ ဂျုနီယာ ဖြစ်လာရတာပါ့လိမ့်???ဒီကောင့်မှာ အစွမ်းအစတော့ရှိသားပဲ...ဆရာနှစ်ယောက်စလုံးကတောင် တပည့်အဖြစ် ရွေးချင်နေတယ်ဆိုတော့...

နှစ်ကုန်ရလဒ်တွေစီစစ်ပြီးချိန်မှာ ကျောက်ရိက ပထမရခဲ့တယ်။ရွှီဝမ်းယာက ကျောက်ရိကို သူ့တပည့်ဖြစ်စေချင်နေတယ်။ယွီကျွင်းချန်ရဲ့ အကျိုးပြုမီုတွေ လျော့ပါးလာတာကြောင့် အခုချိန်မှာ သူ့ကိုယ် ကယ်တင်ပေးနိူင်မယ့် တပည့်တစ်ယောက်ကို ရွှီဝမ်းယာ အသည်းအသန်ရှာဖွေနေတယ်။

သို့ပါသော်လည်း ကျောင်းအသိုင်းအဝိုင်းနဲ့ ရနံ့ကုထုံးအသိုင်းအဝိုင်းမှာ လင်စုန့်ထိုင်ရဲ့ လွှမ်းမိုးမှုက တော်ရုံမဟုတ်လေတော့ ကျောက်ရိက လင်စုန့်ထိုင်ကိုပဲ ဆရာတော်ချင်နေတယ်။လင်စုန့်ထိုင်ဘက်က လက်မခံတဲ့အခါ ကျောက်ရိရဲ့အဖေ ကျောက်တဟိုင်က ပတ်သတ်ရာပတ်သတ်ကြောင်းတွေကို အကူအညီတောင်းခဲ့ပြီး သားတော်မောင်ကို လင်စုန့်ထိုင်ရဲ့ တပည့်ဖြစ်အောင် ကြံဆောင်ပေးခဲ့တယ်။

ကျောက်ကျင်းရဲ့ သူငယ်ချင်းတွေက ကျောက်ကျင်းကို တံတောင်နဲ့ တွတ်ပြီး မေးငေါ့ပြနေတယ်။

ကျောက်ကျင်းက ကျောက်ရိကို အထင်မြင်သေးတဲ့အကြည့်တွေနဲ့ အေးစက်စက် ကြည့်လိုက်ပြီး အခန်းသော့သွားယူလာတဲ့ ကျောင်းသားတွေနဲ့ အတူ ထွက်ခွာသွားခဲ့တယ်။

ကျောက်ရိကို အဖက်မလုပ်ချင်တဲ့ မုန့်ရန်က ဝူဖန်တစ်ယောက်တည်းနဲ့ပဲစကားပြောနေခဲ့တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now