Chapter (40)

28K 3.7K 328
                                    

လင်စုန့်ထိုင် က သူ့ရဲ့တပည့်တစ်သိုက်ကိုခေါ်ဆောင်ပြီး ရနံ့ကုထုံးဌာနခွဲကိုသွားရောက်ခဲ့တယ်။ဒီလို သွားရောက်ရခြင်းက သင်ယူလေ့လာရေးအတွက်သာမက၊ recommend အပေးခံထားရတဲ့ကျောင်းသားတွေအတွက်ပါရည်ရွယ်ထားခဲ့ခြင်းဖြစ်တယ်။ဒီနေ့မှာ ပြုလုပ်မယ့် အကြိုစာမေးပွဲကိုသာ ဝင်​ဖြေခွင့်ရခဲ့မယ်ဆိုရင် ဒါက ဆရာတစ်ယောက်ဖြစ်လာနိုင်မယ့် အခွင့်ကောင်းပဲလေ....

"ဒီကရှုခင်းတွေအရမ်းလှတာပဲနော်"

မုန့်ရန်က  ဝူဖန်ကို လှမ်းပြောလိုက်တယ်။

ဒီဌာနက မုန့်ရန်တို့ ကျောင်းထက်တောင် ပိုမိုကျယ်ဝန်းနေပါသေးတယ်။ဒီနေရာမှာ ရေပေါ်အဆောက်အဉီးတွေတောင်ရှိနေသေးတယ်။ဒါက အင်အားပြည့်အောင် အနားယူလို့ကောင်းတဲ့ လှပတဲ့နေရာတစ်ခုဖြစ်တယ်။

"ရှုခင်းကတော့ ကောင်းတယ်၊မကောင်းတာက ဒီဌာနကလူတွေ"

ဆရာနဲ့တခြားကျောင်းသားတွေရှိနေတဲ့အတွက် ဝူဖန် အသံခပ်တိုးတိုးနဲ့ပြောနေရတယ်။

" အမြဲတမ်းအဖွဲ့ဝင်ဆိုတာ အသာထားဉီး ၊သာမာန်အဖွဲ့ဝင်တွေကတောင် နှာခေါင်းကိုမိုးပေါ်မြှောက်ပြီး သူတို့ကိုယ်သူတို့အတော်ဆုံး၊အတတ်ဆုံးလို့ထင်နေတာလေ၊မုန်းစရာကောင်းချက်ပဲ"

မုန့်ရန်တစ်ယောက် လင်စုန့်ထိုင် ရဲ့တပည့်ဖြစ်မလာခင်ကတည်းက လင်စုန့်ထိုင် နဲ့အတူ ဝူဖန် ဒီနေရာကို ခဏ၊ခဏရောက်ခဲ့ဖူးတယ်။အရင်ခေါက်တွေတုန်းကတည်းက ထွက်ခဲ့ရသမျှဒေါသတွေကို အခုမှ ရင်ဖွင့်နေရတာလေ.....

"ကျွန်တော်ကြားဖူးတာတော့ ဒီဌာနမှာ Member ဝင်ဖြစ်ဖို့အတွက် အနိမ့်ဆုံးသတ်မှတ်ချက်တွေကတောင် အတော်မြင့်မားတယ်ဆိုပဲ...ပြီး​တော့ ဒီဌာနရဲ့ စာမေးပွဲတွေကလဲအရမ်းစည်းကမ်းတင်းကြပ်တယ်ဆို၊ ပြီးတော့ ဆရာငါးယောက်က ထောက်ခံပေးမှ Member ဖြစ်မှာဆို...ဟုတ်လား??"

မုန့်ရန်က ဝူဖန်ကိုမေးလိုက်တယ်။

"ဒါကတော့အမှန်ပဲကွ၊ငါ့စီနီယာတွေအများကြီး
စာမေးပွဲအောင်သွားကြပြီ။ငါက စာမေးပွဲတစ်ခုပဲအောင်သေးတာကွ။စာမေးပွဲတွေအောင်နေသ၍ ဆရာငါးယောက်ရဲ့ထောက်ခံချက်ရဖို့ဆိုတာ မခက်ပါဘူးကွာ။ဒါ့​ကြောင့် ​စာမေးပွဲလာဖြေတဲ့သူတွေက Masterတန်း တက်နေတဲ့သူတွေများနေတာကွ"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now