Chapter (36)

26.3K 3.8K 187
                                    

ပြိုင်ပွဲစတင်ဖွင့်လှစ်ချိန်မှာ ပွဲစီစဉ်သူတွေက ခန်းမ တံခါးကို ဖွင့်ပေးပြီး Selsey ကို အရင်ဆုံးဝင်ခိုင်းပြီးမှ ကျန်တဲ့ပြိုင်ပွဲဝင်တွေကို ပေးဝင်ခဲ့တယ်။

ပွဲစီစဉ်သူက ၂ နှစ်ဆက်တိုက် ပထမရထားတဲ့ Selsy ကြောင့်အတော်လေး ကျေနပ်ပီတိဖြစ်နေပါတယ်။Selsey ဖော်စပ်ခဲ့တဲ့ ရေမွှေးက မနှစ်တုန်းကဆို ရောင်းအားအမြင့်ဆုံး ဖြစ်ခဲ့တဲ့အတွက် ပွဲစီစဉ်သူတွေက
ငွေတွေတပုံကြီးရှာနိုင်တဲ့ Selsey လို Genius တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ Company နဲ့လဲ အချိတ်အဆက်ကောင်းတွေရချင်သေးတယ်။

ပြိုင်ပွဲဝင်ရမယ့်နေရာနဲ့ ပုရိသတ်တွေထိုင်ရမယ့်နေရာကို မှန်နံရံကြီးတစ်ခုနဲ့ ပိုင်းခြားထားတယ်။ပြိုင်ပွဲဝင်တွေရဲ့အနံ့ခံအာရုံတွေက အင်မတန်စူးရှလွန်းလှတယ်။ဒီလိုသာ ပိုင်းခြားမထားခဲ့ရင် ပြိုင်ပွဲဝင်တွေရဲ့ အနံ့ခံအာရုံတွေကို အနှောက်အယှက်ဖြစ်စေကုန်လိမ့်မယ်။တကယ်တော့ ဒီလို ရေမွှေးဖော်စပ်မှုပြိုင်ပွဲတွေက တခြားသော အားကစားပွဲတွေလို မဟုတ်ပေမယ့်  တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆို ကြည့်ရှုသူ တစ်ထောင်ခန့်ရှိနေတဲ့အပြင် ကြည့်ရှုသူ အများစုကတော့ လူချမ်းသာတွေဖြစ်ကြတယ်။ပါဝင်ယှဉ်ပြိုင်သူအများစုက သူတို့ရဲ့ နိူင်ငံတွေမှာ လူသိများတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ကို အားပေးကြတဲ့သူတွေလဲရှိကြတယ်။တချို့သော ပုရိသတ်တွေကတော့ ရေမွှေးနဲ့ပတ်သတ်ရင် ဝါသနာထုံကြတဲ့အတွက် ယခုနှစ်ရဲ့အငယ်တန်းပြိုင်ပွဲကိုမျက်မြင်ကိုယ်တွေ့လာရောက်ကြည့်ရှုကြသူတွေဖြစ်တယ်။ကျန်တဲ့ ပုရိသတ်တွေကတော့ Selsey ရဲ့ အမာခံပုရိတ်သတ်တွေဖြစ်ကြတယ်။

ပြိုင်ပွဲ ဧရိယာမှာ အထပ်တွေအများကြီးပါတဲ့စင်မြင့် တစ်ဒါဇင်ပေါ်မှာ အဆီအနှစ်ထုတ်ယူထားတဲ့အမွှေးဆီ အမျိုးပေါင်း နှစ်ဆယ်ကျော် ၊သုံးဆယ်ကို အညိုရောင်ပုလင်းတွေထဲထည့်ပြီး သေချာစီရီထားတယ်။ပြိုင်ပွဲဝင်တွေက ထိုအညိုရောင် ပုလင်းတွေထဲကနေ မတူညီတဲ့ ရနံကို ခွဲထုတ်ပြီး ရေမွှေးဖော်စပ်ရမှာဖြစ်တယ်။ဖော်စပ်ပြီးသွားတဲ့ အခါ ဒိုင်လူကြီးတွေက အမှတ်အမြင့်ဆုံး ရတဲ့ ဆယ်ယောက်ကိုရွေးချယ်ပေးပြီး၊ ပုရိသတ် အယောက်၁၀၀ ဆီကနေ အပြီးသတ်အဆုံးအဖြတ်အတွက် Vote တွေကို ကောက်ခံမှာ ဖြစ်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now