Chapter (66)

19.1K 2.8K 66
                                    

လော်ရှို့က ကလေးနဲ့အတူ ကုတင်ပေါ်မှာဆော့နေတယ်။မုန့်ရန်က ရေချိုးခန်းထဲကနေထွက်လာပြီး...

"ကျွန်တော် ဒီနေ့ ခင်ဗျားအမေနဲ့တွေ့ခဲ့တယ်။သူက သားလေးအတွက် လက်ဆောင်ဆိုပြီး သေတ္တာတစ်လုံးပေးသွားတယ်။သူ့အတွက် အဖိုးတန်ဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးပစ္စည်းမို့လို့ သားလေးကြီးလာတဲ့ အထိသိမ်းထားပြီးမှ သားလေးကိုယ်တိုင် လက်ခံ၊မခံဆိုတာကို ဆုံးဖြတ်ခိုင်းလိုက်ပါတဲ့"

"ကိုယ်တို့နှစ်ယောက်အတွက် မဟုတ်ဘူးဆိုမှတော့ သားလေးကြီးလာတဲ့အထိ သိမ်းထားပေးလိုက်ရုံပဲလေ.."

လော်ရှို့က ဘာခံစားချက်မှမပါတဲ့ လေသံနဲ့ပြောလိုက်တယ်။

မုန့်ရန်ကလဲ ဒီအကြောင်းကို လော်ရှို့ကိုဆက်မပြောချင်တော့ဘူး။ရှုမင်ဟွာရဲ့ လက်ရှိအခြေနေက သူတို့နဲ့မှမဆိုင်တော့တာ။ဒါ့ကြောင့် ဒီအကြောင်းကို ဆက်မပြောကြတာအကောင်းဆုံးပါပဲ...

မုန့်ရန်က ကုတင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီးလော်ရှို့ရဲ့ကျောကို လှမ်းပုတ်လိုက်တယ်။

"မှောက်အိပ်လိုက်"

"ကိုယ့်ကို နှိပ်ပေးမလို့လား??"

"အင်းလေ.."

"ရပါတယ်ကွာ...စာသင်ထားရတာ ပင်ပန်းနေမှာပဲကို...အနားယူလိုက်တော့"

"ကျွန်တော် မနှိပ်ဖြစ်တာကြာတော့ လက်လေ့ကျင့်ခန်းပြန်လုပ်မှဖြစ်မှာ...နို့မို့ဆို တခြားသူတွေကို ဘယ်လိုပြန်သင်ပေးရမှာလဲ??လာစမ်းပါဗျာ"

လော်ရှို့က ကလေးပါးစပ်ထဲကို ချိုလိမ်လေးထည့်ပေးလိုက်ပြီးဘေးနားမှာ ချထားလိုက်ရတယ်။

မုန့်ရန်က လော်ရှို့ရဲ့ခါးပေါ်မှာ တက်ထိုင်လိုက်ပြီး စတင်နှိပ်နှယ်ပေးလိုက်တယ်။တကယ်တော့ မုန့်ရန်လို တရားဝင်လိုင်စင်ရထားတဲ့ အပ်စိုက်ကုထုံးပညာရှင်တစ်ယောက်အနေနဲ့ ဘာမှ လက်လေ့ကျင့်ခန်းလုပ်နေစရာမလိုပါဘူး။ရှုမင်ဟွာနဲ့ တွေ့ပြီးကတည်းက လော်ရှို့အတွက် တကယ်ကို စိတ်မကောင်းဖြစ်နေခဲ့ရတယ်။ဒါ့ကြောင့် စိတ်သက်သာရသွားအောင် တစ်ခုခုကို အာရုံစိုက်နေဖို့လိုအပ်တယ်လေ...

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now