Chapter(16)

26.1K 3.8K 155
                                    

ရှောင်ခယ် နဲ့ သူငယ်ချင်းတစ်စုဝင်လာခဲ့ခြင်းဖြစ်တယ်။ လော်ဆန်း ကို စကားမပြောခင် လက်ထဲကဝိုင်ပုလင်းကို အရင်ချထားလိုက်တယ်။

"မင်းအဖေက မင်းရဲ့ရည်းစားဟောင်းနဲ့ လက်ထပ်လိုက်တယ်လို့ ငါကြားထားတယ်။ငါမင်းကို အခု ဒီဝိုင်ပုလင်းနဲ့ဂုဏ်လာပြုပေးတာ။ရည်းစားဟောင်းကိုရုတ်တရက်ကြီး ပထွေးတော်လိုက်ရတာ မင်းအပြင်အခြားတစ်ယောက်ရှိနိုင်ပါဉီးမလား။ကျေနပ်စရာကောင်းလိုက်တာကွာ"

"ရူးနေတဲ့ရှောင် မျိုးရိုး၊လော်ဆန်း ဒေါသမထွက်ခင် မင်းအရင် ထွက်သွားလိုက်ဖို့ ငါအကြံပေးလိုက်မယ်၊ဒါမှမဟုတ်ရင် နောင်တရစရာတွေဖြစ်လာလိမ့်မယ်"

ရှောင်ခယ် တစ်ယောက် အမူပိုနေဟန်နဲ့ ရင်ဘက်ကိုလက်နဲ့ဖိထားလိုက်တယ်။

"လော် သခင်လေးရေ၊ ကျွန်တာ်မျိုးကို နောင်တရအောင်မြန်မြန်လုပ်ပေးပါတော့ ၊ကျွန်တော်တောင်းပန်ပါတယ်"

"မင်းကို သင်ခန်းစာပေးဖို့ လိုနေပြီပဲ၊နေသာထိုင်သာရှိသွားအောင် တစ်ယောက်ချင်းစီသင်ပေးမှဖြစ်တော့မယ်!!"

လော်ဆန်း က ရှောင်ခယ် ကိုအေးစက်စွာကြည့်နေခဲ့တယ်။

"အကယ်၍ ငါ့မှာသာမင်းလို တခြားသူတွေကို ကားနဲ့ဝင်တိုက်တတ်တဲ့အကျင့်ရှိရင် ငါမင်းနဲ့အခုလို စကားပြောနေနိူင်မယ်လို့ မင်းထင်လား?"

ရှောင်ခယ် က  လော်ဆန်း ကိုအပြင်းအထန်လှောင်ပြောင်နေတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။

"ငါ့မှာမင်းလိုအကျင့်မျိုးမရှိတာကို ကျေးဇူးတင်သင့်တယ်၊နို့မို့ဆို မင်းဆေးရုံမှာလှဲနေရလောက်ပြီ"

ရှောင်ခယ်ရဲ့စကားကြောင့် လော်ဆန်း ရဲ့မျက်နှာတစ်ခုလုံးမည်းမှောင်နေပြီ။

"ရူးနေတဲ့ ရှောင် မျိုးရိုး!!စကားပြောတယ်ဆိုတာ အကန့်အသတ်ရှိရတယ်ကွ!!"

"ငါကမှန်တာတွေပြောနေတာလေ၊ မင်းကလွန်တယ်လို့ထင်နေတာလား?"

လော်ဆန်း ရဲ့ဒေါသကို ထပ်မဆွခင်
ရှောင်ခယ် တစ်ယောက် လော်ဆန်း ဘေးမှာ ရှိတဲ့လူတွေကို လက်ညိုးထိုးပြလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now