Chapter(15)

26.5K 3.7K 83
                                    

မုန့်ရန် တို့နှစ်ယောက်သား လော်ဆန်းနဲ့ ယွီကျွင်းချန်  တို့ရှိရာဆီကို လျှောက်သွားလိုက်ပြီး မုန့်ရန် ကမိတ်ဆက်ပေးလိုက်တယ်။

"ယောက်ကျားရေ...သူက လော်ဆန်း လက်ရှိတွဲနေတဲ့ချစ်သူ ယွီကျွင်းချန် တဲ့"

"မဂ်လာပါ Mr.လော်၊ကျွန်တော်က ယွီကျွင်းချန် ပါ"

ယွီကျွင်းချန်  က  စိတ်လှုပ်ရှားစွာနဲ့ပြန်နှုတ်ဆက်လိုက်တယ်။

လော်ရှို့ ကတော့ စကားတစ်လုံးမှမပြောဘဲ ခေါင်းပဲညိတ်ပြလိုက်တယ်။

"လော်ဆန်း၊ ငါမင်းအဖေနဲ့လက်ထပ်လိုက်တာကို မင်းအနေနဲ့လက်တလောတော့ လက်ခံဖို့ခက်နေမှာပေါ့၊ပြီးတော့မင်းအနေနဲ့ ငါ့ကို ချက်ချင်းကြီးတော့ ဖေဖေလေးလို့ခေါ်ဖို့လဲဘယ်အဆင်ပြေပါ့မလဲနော်...."

မုန့်ရန် တစ်ချက်ပြုံးလိုက်ပြီးစကားဆက်လိုက်တယ်။

"ဒါပေမယ့်မင်းရဲ့စိတ်အခြေအနေကိုငါနားလည်ပေးနိုင်ပါတယ်။ငါမင်းအဖေကို လက်ထပ်လိုက်သလိုမျိုးမင်းကိုလဲ လူကောင်းသူကောင်းလေးနဲ့ပဲလက်ထပ်စေချင်တယ်ကွာ။ဒီနေ့ မဂ်လာပွဲကိုလာတဲ့သူတွေထဲမှာ မင်းနဲ့သင့်တော်မယ့်သူတွေပါလောက်တယ်။မင်းအဖေနဲ့ငါ က မင်းအတွက်ကူညီပြီး လူကောင်းသူကောင်းလေးတွေရွေးပေးနိူင်တယ်နော်"

"မင်း...."

လော်ဆန်း ရဲ့ဒေါသတွေမိုးထိအောင် လှေကားထောင်နေပြီ။ဒါပေမယ့် လော်ရှို့ ရဲ့အေးစက်နေတဲ့မျက်လုံးတွေရှေ့မှာ မုန့်ရန် ကိုလဲ မအော်ရဲပြန်ဘူး။နောက်ဆုံးတော့ လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ယွီကျွင်းချန်  ကိုလက်ကဆွဲကာလှည့်ထွက်သွားလိုက်တယ်။

ယွီကျွင်းချန်  ကတော့ အမျှင်မပြတ်သေးတဲ့ပုံနဲ့နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အခါ မုန့်ရန် နဲ့အကြည့်ချင်းဆုံသွားတယ်။ မုန့်ရန် ကတော့ တမင်သက်သက်ကို ဂုဏ်ယူဝံ့ကြွားနေတဲ့ အပြုံးကြီးနဲ့ ပြန်ပြုံးပြလိုက်တာပေါ့.......

ယွီကျွင်းချန်  ထိန်းမရသိမ်းမရအောင်ပူပန်နေပြီ။ မုန့်ရန် ရဲ့ကန့်ကွက်နေမှုကြီးကိုသူခံစားမိနေတယ်။သူ့နဲ့ လော်ဆန်း ကို မုန့်ရန် မရမကလိုက်ခွဲတော့မယ်........

တကယ်တော့ မုန့်ရန် သူတို့ကိုနှောက်ယှက်ဖို့မရည်ရွှယ်ထားပါဘူး။ဒါပေမယ့် ဉီးတည်ချက်တွေပြောင်းကုန်တာတောင် ဒီနှစ်ယောက်က အရင်ဘဝတုန်းကလို  ချစ်နိုင်ကြဉီးမလားဆိုတာတော့ သူသိချင်သေးတယ်။

လုယွင့်ကျင့် က သူ့ဖေ၊အဖိုးတို့နဲ့အတူပွဲလာတက်ခဲ့တယ်။လော်ရှို့ကိုသူ့သူငယ်ချင်းတွေနဲ့ထားခဲ့ပြီး လုယွင့်ကျင့် တို့ကိုသွားနှုတ်ဆက်လိုက်တယ်။

လော်ရှို့ ကို သူငယ်ချင်းတွေကစနောက်နေကြတယ်။

"မင်းရဲ့လက်ထပ်ပွဲက ရုတ်တရက်ဆန်လိုက်တာကွာ၊ဒီလောက်ကြာအောင်မင်းနဲ့ ခင်ခဲ့တာတောင် မင်းကငယ်ငယ်လေးတွေကို ကြိုက်တယ်ဆိုတာငါမသိခဲ့ရပါလားကွာ"

"ဟုတ်ပါ့ကွာ၊ဒီအတောအတွင်းမင်း ဘယ်သူနဲ့မှတွဲခဲ့ဖူးတာမှမဟုတ်တာ၊မင်းအိမ်ထောင်ရေးကိုတော့ ငါတို့အကုန်စိတ်ပူနေကြတယ်"

"ပြီးတော့ မင်း က လက်ထပ်မယ့်သူရှိတာတောင် ငါတို့ကိုလျို့ဝှက်ထားသေးတယ်၊လျို့ဝှက်ထားရတာ ပျော်ဖို့ကောင်းလား?"

"ငါကြိုပြောလိုက်ဉီးမယ်၊ငါလဲ ကြိုပြောချင်တာပေါ့ကွာ၊ ငါလဲရုတ်တရက်ကြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်ရတာ ၊မင်းတို့သိတာထက် ရက်နည်းနည်းလောက်ပဲပိုစောတယ်ကွ"

"တကယ်ကြီးလားကွာ!!မင်းမဟုတ်တဲ့အတိုင်းပဲ၊ အကြောင်းရင်းလေးပြောပြစမ်းပါဉီး"

လော်ရှို့ ခေါင်းယမ်းပြီးသူတို့ကိုမမေးဖို့တောင်းဆိုလိုက်တယ်။

"ဒါပေမယ့် ဒီကောင်လေးက တော်တော်လှသားပဲကွ"

"ဟုတ်တယ်၊ရုပ်ရည်ကတော့ အတိုင်းထက်လွန်အောင်လှတယ်ကွာ၊ဒါပေမယ့် မင်းလဲ ရုပ်ချောတဲ့သူတွေအများကြီးမြင်ဖူးသားပဲ၊ကြည့်ရတာ ဒီကောင်လေးဆီမှာ မင်းကိုဆွဲဆောင်နိုင်တာတစ်ခုခုများရှိနေတာလား?"

"ဘာပဲဖြစ်ဖြစ်ကွာ၊အခုဆို မင်းလဲ အိမ်ထောင်သည်ဖြစ်သွားပြီပဲ၊မဂ်လာဉီးညမှာပျော်ရွှင်ပါစေကွာ"

လော်ရှို့ ရဲ့သူငယ်ချင်းတွေက ခွက်ချင်းတိုက်ပြီးဂုဏ်ပြုပေးကြပေမယ့် လော်ရှို့ ကတော့ ကူကယ်ရာမဲ့စွာသက်ပြင်းချနေခဲ့ရတယ်။

လော်ရှို့ သာဒီလို ငယ်ငယ်ချောချောလေးတွေကို ကြိုက်တတ်မှန်းသိရင် အစောကြီးကတည်းကမိတ်ဆက်ပေးမှာပေါ့ဆိုပြီးတွေးနေသူတွေကလဲ တစ်ပုံတစ်ပင်ပါပဲ။လော်ရှို့ လက်ထပ်ပြီးပြီဆိုမှတော့ ဘယ်သူနဲ့သွားမိတ်ဆက်ပေးရတော့မှာလဲ?ငယ်ရွယ်ပြီးချောမောလှပတဲ့ကောင်လေးတွေနဲ့လော်ရှို့ ကို
မိတ်ဆက်ပေးခဲ့ဖူးသူတွေကပိုတောင်စိတ်ရှုပ်သွားကြတယ်။လော်ရှို့ ရုတ်တရက်ကြီး အကြိုက်ပြောင်းသွားတာလား?

ယွီကျွင်းချန် ရဲ့စိတ်ထဲမှာ မဂ်လာပွဲကိုရောက်လာသူတိုင်းကိုသေချာမရင်းနှီးပေမယ့်၊ဒီလူတွေအကုန်လုံးကလူချမ်းသာအသိုင်းအဝိုင်းကဆိုတာတော့ သူသေချာသိနေတယ်။သူတို့အားလုံးနီးပါးက  လော်Group ဥက္ကဌရဲ့မင်္ဂလာဆောင်ကိုဖိတ်ကြားခံရတဲ့အထက်တန်းစားအသိုင်းအဝိုင်းကဖြစ်ရမယ်။ပြန်စဉ်းစားကြည့်လိုက်တော့ အသက်ဆယ်နှစ်မတိုင်မှီတုန်းက သူဟာ သာမာန်လူတန်းစားတွေထက်တောင် နိမ့်ကျတဲ့အခြေနေမျိုးနဲ့နေခဲ့ရတယ်။အခုလိုအထက်တန်းစားအသိုင်းဝိုင်းတွေနဲ့အတူယှဉ်ပြီး ရပ်နေနိူင်တာကိုက သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုဖြစ်တယ်။

"ငါတို့စေ့စပ်ရင်ရော ဒီစံအိမ်မှာပဲ စေ့စပ်ပွဲကျင်းပလို့ရမလား"

ယွီကျွင်းချန်  က လော်ဆန်း ကို ခပ်တိုးတိုးမေးလိုက်တယ်။

"မင်းစိတ်တိုင်းကျတဲ့ဘယ်နေရာမှာမဆို ငါတို့ရဲ့စေ့စပ်ပွဲကိုကျင်းပလို့ရတယ်"

လော်ဆန်း က ယွီကျွင်းချန်  ကိုကြည့်ပြီးပြန်ဖြေတယ်။

"ဒါဆို ဒီမှာပဲ ကျင်းပချင်တယ်။အဆင်ပြေတယ်မလား?"

ယွီကျွင်းချန်  ကတော့ မြန်နိုင်သမျှအမြန်ဆုံး လော်မိသားစုဝင်တစ်ယောက်ဖြစ်ချင်နေပြီ၊လက်ထပ်ပွဲမဟုတ်ရင်တောင် စေ့စပ်ပွဲပဲဖြစ်ဖြစ် ဒီစံအိမ်မှာကျင်းပချင်တယ်။ယုံကြည်ချက်တွေပြင်းထန်နေပြီ။

"ကောင်းပြီ"

လော်ဆန်း ကတော့ ချက်ချင်းကိုခေါင်းညိတ်ပစ်လိုက်တယ်။

မဂ်လာပွဲပြီးဆုံးတဲ့အခါ လော်ရှို့ နဲ့ မုန့်ရန် တို့လဲပင်ပန်းနေတာကြောင့် အခန်းကိုပြန်ပြီးအနားယူခဲ့ကြတယ်။

မုန့်ရန် ၊Bathrobe တစ်ထည်ဝတ်ပြီး
ရေချိုးခန်းထဲကထွက်ကာ ကုတင်ပေါ်တက်ထိုင်လိုက်တယ်။လော်ရှို့ ကတော့ ကုတင်ခေါင်းရင်းကိုမှီပြီး မျက်လုံးတွေမှိတ်ကာအနားယူနေတယ်။

"ဒီနေ့အရမ်းအလုပ်များထားတာဆိုတော့ ခေါင်းအရမ်းကိုက်နေပြီလား?"

လော်ရှို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သူ့ရဲ့ခေါင်းကိုက်ရောဂါအကြောင်းကို မုန့်ရန် ကိုသေချာပြောပြခဲ့တယ်။

"နာကျင်တာကို နေသားကျနေပါပြီ"

ဒီရက်ပိုင်းအတွင်းမှာ အိမ်ကိုတောင်မပြန်နိုင်လောက်အောင် လော်ရှို့ အလုပ်တွေရှုပ်နေခဲ့တယ်။

"အလုပ်တွေပြန်မလုပ်ခင် ကောင်းကောင်းအနားယူလိုက်လို့မရဘူးလား?"

"ငါလုပ်စရာတွေအများကြီးရှိနေသေးတယ်"

လော်ရှို့ မျက်လုံးတွေဖွင့်ကြည့်လိုက်တဲ့အခါ မြင်ရတဲ့ မုန့်ရန် ရဲ့အသားရည်က ထွင်းဖောက်မြင်နိုင်လောက်အောင် ဖြူဖွေးနေတယ်။ရေချိုးပြီးခါစဖြစ်တာကြောင့် ပန်းနုရောင်သန်းနေတဲ့အသားရေလေးက လောလောလတ်လတ်ရေဆေးထားတဲ့ မက်မွန်သီးလေးလို လတ်ဆတ်တယ်၊အရသာရှိတယ်၊အရည်ရွှမ်းတယ်၊ပြီးတော့ ဆွဲဆောင်မှုအပြည်နဲ့ချိုအီမွှေးပျံ့နေ
တယ်။

"သက်တောင့်သက်သာဖြစ်သွားအောင်ကျွန်တော်၊ခင်ဗျားကို နှိပ်ပေးမယ်"

မုန့်ရန် လက်ရှိအချိန်တော်တော်များများမှာ ဘိုးဘေးတွေဆီက လက်ဆင့်ကမ်းထားတဲ့ရှေးဟောင်းစာအုပ်တွေထဲကနေ ရနံကုထုံးနဲ့ သက်ဆိုင်တာတွေကိုလေ့လာဖြစ်ခဲ့တယ်။လော်ရှို့ ရဲ့ရောဂါက အချိန်ယူပြီးကုသရမယ့် ရောဂါမျိုးဖြစ်တယ်။သူလေ့လာနေတာကလဲ လော်ရှို့ ကိုသက်သာစေမယ့်နည်းလမ်းကိုရှာဖွေဖို့ပဲလေ.........

"နေပါစေ၊မင်းလဲတစ်နေကုန်ပင်ပန်းထားတာ၊သွားအိပ်တော့လေ"

"ကျွန်တော် မပင်ပန်းပါဘူး။မဂ်လာပွဲအတွက်လဲစိတ်ပူနေစရာမလိုခဲ့ဘူးလေ၊ အချိန်စောပါသေးတယ်၊အခုနေ အိပ်ရင်တောင် အိပ်ပျော်မှာမဟုတ်လောက်ဘူး"

မုန့်ရန် ကုတင်ဘေးအံဆွဲထဲကနေ လော်ရှို့ ကိုနှိပ်ပေးဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အမွှေးနံ့သာပုလင်းကို ထုတ်လိုက်တယ်။

"မြန်မြန်လှဲနေလိုက်၊မကြာခင်နေလို့ကောင်းသွားစေရမယ်"

မုန့်ရန် လောဆော်လိုက်တယ်။

လော်ရှို့ ကတော့ မင်းကိုတော့ ငါမနိုင်တော့ဘူးဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး မုန့်ရန် ပြောတဲ့အတိုင်းလှဲချလိုက်တယ်။

မုန့်ရန် တစ်ယောက် လော်ရှို့ ရဲ့အဝတ်တွေကိုခါးအထိ ဆွဲချွတ်လိုက်ပြီး လော်ရှို့ ရဲ့ကိုယ်ပေါ်မှာ ခွထိုင်လိုက်တယ်။အတိတ်ဘဝက ရနံ့တွေနဲ့ပတ်သတ်ပြီး မုန့်ရန် မှာ ပါရမီ မရှိခဲ့ပေမယ့် ရေမွှေးပညာရှင်တစ်ယောက်ဖြစ်ဖို့ရှေးဟောင်းစာအုပ်ထဲက အခြေခံအချက်တွေကိုတော့ သူလေ့လာဖူးခဲ့တယ်။ဉပမာပြောရရင် ရနံ့ကုထုံးပညာရှင်တိုင်းက လူတစ်ကိုယ်လုံးမှာရှိတဲ့ အပ်စိုက်အမှတ်တွေကို သိနေဖို့အရေးကြီးတယ်။

မုန့်ရန် လက်ဖဝါးပေါ်ကို အမွှေးဆီတစ်ချို့လောင်းချလိုက်ပြီး လက်ဝါးနှစ်ဖက်ကိုနွေးလာအောင်ပွတ်လိုက်တယ်။အဲ့နောက် လော်ရှို့ ရဲ့လည်ပင်း၊ပုခုံးနဲ့ကျောကုန်းမှာရှိတဲ့ အပ်စိုက်အမှတ်တွေကို တိကျတဲ့အားနဲ့ နှိပ်နယ်ပေးလိုက်တယ်။

တခြားသူတွေ သူ့အသားကို ထိတာမကြိုက်တာကြောင့် လော်ရှို့ တော်ရုံဆိုအနှိပ်ခံတာမရှိသလောက်ရှားတယ်။ဒါပေမယ့် သူ့ကျောကုန်းကို မုန့်ရန် ရဲ့လက်တွေထိတွေ့နေတာကိုခံစားရုံနဲ့ မုန့်ရန် အတော်ကျွမ်းကျင်တယ်ဆိုတာ သူသိတယ်။ခန္ဓာကိုယ်တောင့်တင်းတာတွေပြေလျော့သွားတဲ့အခါ ခေါင်းကိုက်တာကလဲတဖြည်းဖြည်းသက်သာလာတယ်။ခန္ဓာကိုယ် Relax ဖြစ်တာနဲ့ ခေါင်းကိုက်တာကြောင့်နာကျင်တာတွေလဲ သိပ်မပြင်းထန်တာကိုခံစားမိတယ်။

မုန့်ရန် နာရီဝက်လောက်ကြာအောင်နှိပ်နယ်ပေးခဲ့တယ်။အတော်လေးကို စဉ်းစားပြီးမှ သူဒီလိုနှိပ်ရဲတာ။လက်တွေကို တဘတ်ရေစိုနဲ့သုတ်လိုက်ပြီး လော်ရှို့ ရဲ့လည်ပင်းနဲ့ကျောကုန်းမှာ ရှိနေတဲ့ အမွှေးဆီတွေကိုလဲသုတ်ပေးလိုက်တယ်။လော်ရှို့ ကတော့အိပ်ပျော်နေပြီ။ချွေးနည်းနည်းပြန်ထွက်လာတာကြောင့် မုန့်ရန် ရေတစ်ခေါက်ပြန်ချိုးလိုက်ရသေးတယ်။

အဲ့နောက် သူလဲ လော်ရှို့ ဘေးကိုဝင်လှဲလိုက်ပြီးအိပ်ပျော်သွားခဲ့တယ်။

လော်ရှို့ နောက်တစ်နေ့မနက် နိုးလာတဲ့ အခါ မုန့်ရန် က သူ့ရဲ့လက်မောင်းကိုဖက်ထားပြီး အိပ်နေတာကိုတွေ့ရတယ်။အိပ်မောကျနေတဲ့ မုန့်ရန် ရဲ့နူးညံ့တဲ့မျက်နှာလေးကို ကြည့်လိုက်တဲ့အခါ ကလေးတစ်ယောက်လို အပြစ်ကင်းနုနယ်တယ်လို့ တွေးလိုက်မိတယ်။ ၁၉နှစ်ဆိုတာ သူ့အတွက်တော့ ကလေးအရွယ်ပဲလေ၊နှစ်တွေကြာတဲ့အထိ မုန့်ရန် ကို သားတစ်ယောက်လို သူစောင့်ရှောက်ပေးရမယ်.............

ယွီကျွင်းချန်  နဲ့ လော်ဆန်း တို့စေ့စပ်ကြတော့မှာဖြစ်ပေမယ့် လက်ရှိမှာတော့ လော်ဆန်း က Bar တစ်ခုမှာစိတ်ပျက်လက်ပျက်နဲ့ထိုင်သောက်နေတယ်။သူ့ကိုအဖော်ပြုပြီးသောက်ပေးမယ့်သူငယ်ချင်းတွေကိုစောင့်နေတာဖြစ်ပြီးယွီကျွင်းချန်  ကတော့ ဘေးမှာထိုင်ပြီး သူ့ကိုနှစ်သိမ့်ဖြောင်းဖြနေတယ်။

"မင်းအဖေက မင်းရဲ့စေ့စပ်ပွဲကို အဓိကစံအိမ်မှာလုပ်ဖို့ငြင်းပေမယ့် ငါတို့ကို Hotel မှာခန်းမငှားပေးထားတယ်လေ၊ Hotelကခန်းမကလဲအဆင်ပြေနေတာပဲ၊ဒေါသထွက်မနေပါနဲ့တော့"

"သူငါ့အပေါ်ဒီလို ဆက်ဆံတာကိုငါဒေါသထွက်တာ၊ငါငယ်ငယ်ကတည်းက သူတစ်ခါမှ ဂရုမစိုက်မပေးခဲ့ဖူးဘူး။ငါ့အမေကို မချစ်ဘူးဆိုရင်တောင်၊ငါကသူ့သားလေ၊ဒါပေမယ့်သူက အဖေတစ်ယောက်ရဲ့တာဝန်ဘယ်တုန်းကမှ မကျေခဲ့ဖူးဘူး"

"ငါမှားတာပါ၊ အဓိကစံအိမ်မှာ စေ့စပ်ပွဲလုပ်ချင်တယ်လို့မင်းကိုမပြောခဲ့သင့်ဘူး။အစတုန်းကမင်းအဖေ က ငါတို့ စေ့စပ်ဖို့ကို လုံးဝသဘောမတူဘူးလေ၊အခုဆိုအဓိကစံအိမ်မှာ မလုပ်ဖို့ပြောပြီး Hotel မှာခန်းမတောင်ငှားပေးသေးတယ်။ဒါလဲအဆင်ပြေပါတယ်။ငါ့ကြောင့်နဲ့ မင်းတို့သားအဖကို ပြသာနာမဖြစ်စေချင်ဘူး။မင်းနဲ့လက်ထပ်ဖို့အတွက် မင်းအဖေရဲ့အသိအမှတ်ပြုမှုရအောင် ငါအကောင်းဆုံးကြိုးစားပါ့မယ်။အဲ့တာဆို သူလဲ ငါတို့ကို အဓိကစံအိမ်မှာ မဂ်လာပွဲလုပ်ခိုင်းမှာပါ။ငါ့မျက်နှာကိုထောက်ပြီးပဲဖြစ်ဖြစ်မင်းအဖေကို ထပ်ပြီးဒေါသမထွက်ပါနဲ့တော့နော်"

"ငါလေ တစ်ခါတစ်လေကျရင် မင်းကိုအဲ့လောက်ထိ မကြင်နာတတ်စေချင်ဘူး၊မင်းဘက်က ပိုကြင်နာပေးလေ၊မင်းကို ပိုထိခိုက်အောင်လုပ်ကြလေပဲ"

လော်ဆန်း ကတော့ ယွီကျွင်းချန်  ရဲ့လက်ကိုကိုင်ပြီးစကားတွေပြောနေခဲ့တယ်။

"ဒါပေမယ့် ဒီကြင်နာမှုတွေကတစ်ချိန်မှာ ရောင်ပြန်ဟပ်မယ်ဆိုတာ ငါယုံကြည်တယ်"

ယွီကျွင်းချန်  အပြုံးလေးနဲ့တုံ့ပြန်တယ်။

လော်ဆန်း ရဲ့သူငယ်ချင်းတွေရောက်လာတဲ့အခါ သောက်ကြ၊စားကြရင်း စေ့စပ်ပွဲမှာ ဘယ်လို ပျော်ပါးကြမယ်ဆိုတာကိုဆွေးနွေးနေကြတယ်။

တာဝန်ခံအစောင့်တွေတားချိန်မရလိုက်အောင် လူတစ်စုက တံခါးကို ရုတ်တရက်ဆန်ဆန်ဖွင့်ပြီး လော်ဆန်း တို့ရှိတဲ့အခန်းထဲကိုဝင်လာတယ်။တစ်ကယ်တော့ အစောင့်တွေကလဲဒီလူတစ်စုကို မတားရဲတာကြောင့်ငြိမ်နေကြခြင်းဖြစ်တယ်။

"Congratulationsပါ လော်သခင်လေးရေ...."

ထိုအသံကိုကြားတဲ့ အခါ လော်ဆန်း မျက်နှာပျက်သွားတယ်။

Zawgyi code

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now