Chapter (48)

25.5K 3.5K 249
                                    

လော်ရှို့အတွက် အချိန်တွေကုန်ဆုံးနေပေမယ့် အမှောင်ထုဖုံးလွှမ်းနေတဲ့ အိမ်မက်ကမ္ဘာထဲကို ရောက်နေတဲ့ မုန့်ရန်အတွက်တော့ အချိန်ဆွေရပ်တန့်နေတယ်။

မုန့်ရန် သူ့ကိုယ်သူ မေ့လဲသွားမှန်းကိုသိတယ်...လော်ရှို့ အရမ်းစိတ်ပူနေမယ်ဆိုတာကိုလဲ သိတယ်....
ပြန်နိုးထမှဖြစ်မယ်ဆိုတာကိုလဲ သိတယ်....သို့ပေမယ့် ပြန်လည်နိုးထဖို့အတွက် ကြိုးစားတိုင်းအမှောင်ထုထဲမှာ လမ်းပျောက်နေခဲ့တယ်။

မုန့်ရန် နိုးထဖို့ ခက်ခက်ခဲခဲရုန်းကန်နေရချိန်မှာ ကလေးငိုသံလေးတစ်ခုကို ရုတ်တရက်ကြားလိုက်ရတယ်။အစပိုင်းမှာ မုန့်ရန် နားကြားမှားနေတယ် ထင်ခဲ့ပေမယ့် ငိုသံလေး​ တဖြည်းဖြည်းနဲ့ ပိုမိုထင်ရှားလာတယ်။အသံလာရာ အရပ်ကို စမ်းတဝါးဝါးနဲ့ လိုက်ရှာကြည့်တဲ့အခါ
မြေပြင်ပေါ်ကို ဖြာကျနေတဲ့ အလင်းတန်းတစ်ခုထဲမှာ ရှိနေတဲ့ ကလေးငယ်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

မုန့်ရန် ကလေးလေးဆီကို မြန်မြန်ပြေးသွားလိုက်ပြီး မြေပေါ်ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးငယ်လေးကိုပွေ့ချီလိုက်တယ်။မုန့်ရန်ရဲ့ လက်ပေါ်ရောက်တာနဲ့ ကလေးငယ်လေးက အငိုတိတ်သွားတယ်။ ဖြုဖွေး ကြည်စင်နေတဲ့ ကလေးလေးရဲ့ အသားရေလေးကို မုန့်ရန် အရမ်းသဘောကျနေတယ်။မုန့်ရန် က ကလေးလေးကို ချော့မြှူပေးနေတာ အချိန်တွေဘယ်လောက်ထိ ကုန်ဆုံးသွားမှန်းတောင် မသိခဲ့ဘူး။သူ့ကို စောင့်မျှော်နေမယ့် လော်ရှိ့အကြောင်း ရုတ်တရက် သတိရသွားမိတဲ့အခါ မုန့်ရန်ရဲ့ မျက်လုံးတွေရှေ့မှာ အလင်းတန်းတစ်ခုပေါ်ထွက် လာခဲ့တယ်။

မုန့်ရန် မျက်လုံးတွေဖွင့်လိုက်တာနဲ့ သူ့ကို ချစ်မြတ်နိုးမှုအပြည့်နဲ့ ကြည့်နေတဲ့ လော်ရှို့ကို တွေလိုက်ရတယ်။မုန့်ရန် သတိလက်လွတ်နဲ့မေးကြည့်လိုက်တယ်။

"အန်ကယ်လော်...ကောင်လေး..."

လော်ရှို့ က မုန့်ရန်ရဲ့ မျက်နှာကိုကိုင်ပြီး နဖူးကို နမ်းရင်းနဲ့ပြန်ဖြေတယ်။

"ကလေးလေးရော၊မင်းရော အကုန်အဆင်ပြေတယ်။စိတ်မပူနဲ့တော့"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now