Chapter (47)

24.2K 3.5K 243
                                    

လော်ရှို့တစ်ယောက် ရေချိုးသန့်စင်ပြီး အလုပ်သွားဖို့ပြင်ဆင်နေတယ်။ကုတင်ပေါ်မှာ မှိုင်တွေစွာထိုင်နေတဲ့ မုန့်ရန် ကိုမြင်တဲ့အခါ မျက်နှာလေးကို စိုးရိမ်ပူပန်မှုအပြည့်နဲ့ခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။

"မအီမသာဖြစ်နေလို့လား??ဆေးရုံသွားပြမယ်လေ"

မုန့်ရန် လော်ရှို့ရဲ့လက်ကိုလှမ်းကိုင်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။

"ဘာမှမဖြစ်ပါဘူး။နည်းနည်းလေးပင်ပန်သွားတာလောက်ပါပဲ။နှစ်ကုန်စာမေးပွဲ နီးနေတော့ ဒီရက်ပိုင်း စာကြည့်တာ များသွားလို့ပါ"

"ဒါဆိုလဲ ဒီနေ့ ကျောင်းမသွားဘဲ အိမ်မှာပဲနားလိုက်။စာမေးပွဲတွေ၊ အဆင့်တွေဆိုတာ မင်းရဲ့ခန္ဓာကိုယ်လောက်အရေးမကြီးဘူး။ဟုတ်ပြီလား??"

"သိပါပြီ"

မုန့်ရန်ခေါင်းညိတ်ပြလိုက်တယ်။

"ဒီနေ့အိမ်မှာ ဘာမှမလုပ်ဘဲ အနားယူလိုက်ပါ့မယ်။အရေးကြီးတဲ့ Meeting တစ်ခုတက်ရဉီးမယ်လို့ ပြောထားတယ်မလား??မြန်မြန်သွားတော့လေ..."

လော်ရှို့ မုန့်ရန်ရဲ့နဖူးလေးကို အနမ်းပေးပြီးမှ အလုပ်သွားခဲ့တယ်။

လော်ရှို့ Company သွားတဲ့အခါ မုန့်ရန်တစ်ယောက်ဘာမှလုပ်စရာမရှိတဲ့ အတွက် ပျင်းရိနေခဲ့တယ်။ဒါနဲ့ပဲ ရှေးဟောင်းစာအုပ်တွေကိုယူပြီး Flower room ထဲမှာ အေးဆေး စာဖတ်ဖို့ စိတ်ကူးလိုက်တယ်။Flower roomထဲမှာ မုန့်ရန် စာဖတ်ဖို့အတွက် ဆိုဖာရယ်၊ကုတင်ရယ် ထည့်သွင်းပေးထားတယ်။စာဖတ်ရတာ ပျင်းလာတဲ့အခါ Light music လေးဖွင့်ပြီး ဇိမ်ယူနေလိုက်တယ်။

ရှောင်ခယ်တစ်ယောက်  မုန့်ရန်ကို အရေးတကြီး တွေ့ချင်နေတဲ့ အတွက် ဖုန်းဆက်ပြီးချိန်းခဲ့တယ်။မုန့်ရန်  အပြင်မထွက်ချင်တာကြောင့် ရှောင်ခယ်ကို အဓိကစံအိမ်ဆီလာခိုင်းလိုက်တယ်။

အိမ်အကူတွေရဲ့ လမ်းပြမှုကြောင့် ရှောင်ခယ် Flower room ထဲကိုရောက်လာခဲ့တယ်။ရှောင်ခယ်မှာ အပူသောကတစ်ချို့ ရှိနေပေမယ့် စိတ်ကူးယဉ်ဆန်ဆန်လှပလွန်းလှတဲ့ Flower room ရဲ့ အလှတရားကို မကြည့်ဘဲ မနေနိူင်ခဲ့ဘူး......

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now