Chapter (23)

26.6K 3.9K 231
                                    

နောက်တစ်နေ့မှာ လော်ရှို့က မုန့်ရန်ကို တောင်ခြေနားက မြင်းခြံတစ်ခုကို  မြင်းစီးလေ့ကျင့်ဖို့ခေါ်သွားပေးတယ်။

လော်ရှို့ကိုယ်တိုင် မုန့်ရန်အတွက် မြင်းရွေးပေးဖို့ လိုက်လာတယ်ဆိုတာကို မြင်းခြံရဲ့တာဝန်ခံ သိနေတယ်။မြင်းထိန်းတွေကို မျိုးကောင်းမျိုးသန့် နဲ့ စျေးကြီးကြီး မြင်းတွေ ခေါ်လာဖို့ ညွှန်ကြားလိုက်တယ်။

လော်ရှို့ တို့ မြင်းခြံကို စရောက်ကတည်းက မန်နေဂျာကိုယ်တိုင် တရိုတသေနဲ့ ဧည့်ခံနေတာဖြစ်တယ်။လော်ရှို့တို့ မြင်းစီးဖို့ဝတ်စုံလဲနေတဲ့ အချိန်မှာတောင် အလိုရှိတဲ့အချိန်အကူအညီပေးနိူင်အောင် မန်နေဂျာကိုယ်တိုင် စောင့်ကြည့်ပေးနေတယ်။

ရာသီဉတုက နေသာပေမယ့် တိုက်ခတ်နေတဲ့ လေညှင်းသွဲ့သွဲ့ကြောင့်နေရထိုင်ရတာ သက်တောင့်သက်သာရှိတယ်။နတ်ဘုရားတွေတောင် အဆုံးသတ်ကို မသိနိုင်လောက်အောင် ကျယ်ဝန်းတဲ့ မြင်းစီးလေ့ကျင့်ရေးကွင်းရယ်၊စိမ်းစိုနေတဲ့ စားကျက်မြေတွေရယ်ကို မုန့်ရန် နေကာမျက်မှန်ချွတ်ပြီး ငေးကြည့်နေမိတယ်။

မြင်းထိန်းတွေက သူတို့ထိန်းကျောင်းပေးရတဲ့ မြင်းတွေနဲ့အတူ မုန့်ရန် တို့ကို စောင့်ဆိုင်းနေတယ်။လော်ရှို့ မြင်းဝယ်ဖို့ရောက်လာတယ်လို့ ကြားလိုက်ကတည်းက သူတို့တွေ အရမ်းစိတ်လှုပ်ရှားနေကြတာပါ။လော်ရှို့ပိုင်ဆိုင်တဲ့မြင်းကိုသာထိန်းကျောင်းခွင့်ရမယ်ဆို သူတို့ရဲ့ဘဝက နှစ်အနည်းငယ်လောက်အထိ ဖူလုံကြွယ်ဝနိုင်တယ်ဆိုတာ လူတိုင်းသိတယ်လေ။တခြားစကားနဲ့ပြော
ရရင်တော့ သူတို့ရဲ့ဘဝတွေကို ဒီမြင်းတွေအပေါ်မှာပုံအပ်ထားရသလိုပါပဲ။

"ကြည့်ရတာ ကျွန်တော်တို့ ကျောင်းရဲ့ မြင်းစီးလေ့ကျင့်ရေးကိုလဲ ဒီနေရာက လေ့ကျင့်ကွင်းမှာပဲလုပ်လောက်မယ်ထင်တယ်"

လော်ရှို့ ခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်တော်တို့ဆီက မြင်းဇောင်ထဲမှာ St.james Uni ရဲ့ မြင်းစီးလေ့ကျင့်ရေး မြင်းတွေရှိတယ်။လေ့ကျင့်ရေးကွင်းရဲ့ ဧရိယာ B5မှာ သင်ကြားရေးနဲ့ လေ့ကျင့်ရေးလုပ်ကြတယ်"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now