Chapter(13)

25.3K 3.9K 34
                                    

မုန့်ရန် တစ်ယောက်လှေကားထောင့်လေးမှာမတ်တပ်ရပ်ပြီးအောက်ထပ်ကလူတွေကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်။



အောက်ထပ်မှာထိုင်နေသူတွေကတော့ လော်ရှို့ရဲ့ညီအစ်ကို ၃ယောက်၊ဝမ်းကွဲအစ်ကိုကြီးရယ်၊ဝမ်းကွဲညီငယ် ၂ယောက်ရယ် ပြီးတော့ သူတို့ဇနီးသည်တွေရယ်လူစုံတက်စုံပါပဲ......



အဖိုးကြီးချန်း ကတော့ ဝါစဉ်ကြီးတဲ့ဆိုတဲ့ဂုဏ်ပုဒ်နဲ့ လော်ရှို့ကိုပညာပြဖို့ကြံရွယ်ခဲ့ပေမယ့် လော်ရှို့ နဲ့စကားနည်းနည်းလောက်ပြောပြီးတဲ့အခါ ပါးစပ်ပိတ်သွားရရှာပြီ။



လော်ရှို့ရဲ့ကျောပြင်ကိုပဲမြင်နေရတာတောင် ဒီလူတွေနဲ့တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ လော်ရှို့i ရဲ့ဖိအားတွေကို မုန့်ရန် နားလည်ပေးနိုင်တယ်။



အဖိုးကြီးချန်း ရဲ့သမီးက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက လော်ရှို့ နဲ့ကွာရှင်းပြီးတာတောင် သူ့ကိုယ်သူ လော်ဆန်း ရဲ့အဖိုးဆိုတဲ့ဂုဏ်ပုဒ်နဲ့ လော်ရှို့ ရဲ့ကိစ္စအဝဝကိုဝင်စွက်ဖက်ချင်နေတုန်းပါ။လော်ရှို့က လော်ဆန်း ကို တရားဝင်အမွေဆက်ဆံသူအဖြစ်ကြေငြာတာမျိုးကို အဖိုးကြီးချန်း ကမျှော်လင့်နေတာပါ။အဖိုးကြီးက လော်ဆန်း ကို သူ့သမီးမွေးပေးထားတဲ့ လော်ရှို့ရဲ့သားလို့ပဲ အဖိုးကြီးကသိထားတာပါ။သူ့သမီးဖောက်ပြန်တဲ့အကြောင်းကို အဖိုးကြီးအခုထိမသိသေးပါဘူး။



လက်ရှိမှာ လော်ဆန်း က လော်ရှို့ ရဲ့သားအရင်းမဟုတ်မှန်းကို လော်ရှို့iရယ်၊မုန့်ရန်ရယ်၊ လော်ဆန်းအမေရယ်ပဲသိကြပါသေးတယ်။လော်ဆန်းရဲ့အမေကတော့ဒီအကြောင်းကို သူမ ကလွဲရင်ဘယ်သူမှမသိလောက်ဘူးလို့ပဲထင်နေတာပါ။လော်ဆန်း ကလော်မိသားစုရဲ့အမွေတွေကိုဆက်ဆံနိုင်တယ်ဆိုမှတော့သူမကလဲ ဒီအကြောင်းတွေကို ထုတ်ပြောနေစရာလား?



ဒါပေမယ့် လော်ရှို့ ကဒီအကြောင်းကိုဘာမှထုတ်မပြောခဲ့ဘူး။ဒါကလည်း အားပြင်းပြင်းနဲ့ရိုက်ချဖို့အခွင့်ကောင်းကိုစောင့်နေတာလို့ပဲ မုန့်ရန် ခန့်မှန်းလိုက်တယ်။အခုတော့ မုန့်ရန် ကဒီအချက်ကိုအခွင့်ကောင်းယူပြီး ချန်း မိသားစုကိုတိုက်ခိုက်ဖို့မတွေးထားပါဘူး။ချန်း မိသားစုက လော်ဆန်း ကို လော်ရှို့i ရဲ့အမွေတွေအကုန်ရအောင် အားကုန်သုံးပြီးကြိုးစားကျတော့မယ်ဆိုတာ မုန့်ရန် သိနေတယ်။ သူတို့ ပိုပြီးလောဘတကြီးနဲ့မျှော်လင့်လေ မုန့်ရန် အတွက် ပိုပျော်စရာကောင်းလေပဲ။လော်ရှို့ က ချန်း မိသားစု ကို တစ်ချက်တည်းနဲ့အမြစ်ဖြတ်နိုင်မယ့်အချိန်ကောင်းကိုစောင့်နေတာဖြစ်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now