Chapter (76)

18.3K 2.7K 93
                                    

[TN:ပြီးဆုံးရန် ၁၂ ပိုင်းသာကျန်ပါတော့သည်]

မုန့်ရန်က အိပ်ပျော်နေတဲ့သားလေးကို ကုပေါ်တင်ပေးလိုက်ပြီး စာလေ့လာရင်းနဲ့ လော်ရှို့နဲ့ ဖရန်ဆွန်တို့ စကားပြောလို့ ပြီးမယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့တယ်။

သိပ်မကြာခင်မှာ လော်ရှို့ အခန်းထဲရောက်လာခဲ့တယ်။လော်ရှို့ကို မြင်တာနဲ့ မုန့်ရန်က ချက်ချင်းပြေးပြီး တင်းကြပ်စွာဖက်တွယ်ထားလိုက်တယ်။

"ခင်ဗျားကို လွမ်းနေတာ...."

"ကိုယ်သိတာပေါ့...."

လော်ရှို့က မုန့်ရန်ရဲ့ မျက်နှာလေးကို ငုံ့နမ်းလိုက်ပြီး...

"ကိုယ် ရေချိုးလိုက်ဉီးမယ်.."

"အင်း.."

လော်ရှို့ ရေချိုးပြီးတာနဲ့ မုန့်ရန်က လော်ရှို့လက်မောင်းတွေကို မှီတွယ်ထားလိုက်ပြီး...

"ဒီရက်ပိုင်းမှာ ဘာတွေလုပ်ဖြစ်လဲ??ပြီးတော့ထူးထူးဆန်းဆန်းနဲ့ အဝတ်အစားလဲခိုင်းတာတွေ ကားပြောင်းစီးခိုင်းတာတွေက ကျွန်တော့်ကို Suprise လုပ်ဖို့ တစ်ခုတည်းတော့ မဖြစ်နိူင်ဘူး။ဟုတ်တယ်မလား?"

"ချန်းကန် သေပြီ.."

လော်ရှို့ရဲ့ လေသံက ရာသီဉတုအခြေနေကို သာမာန်ကာလျှံကာပြောပြနေသလို ပေါ့ပါးအေးဆေးနေတယ်။

"ဟမ်...ဘယ်တုန်းကလဲ?"

မုန့်ရန် မျက်လုံးဖွင့်ပြီးသေချာစဉ်းစားလိုက်တယ်။ခုနကလေးတင် ကျောင်းသားတွေ ပြောဆိုနေကြတဲ့ Accident အကြောင်းကို တွေးလိုက်တဲ့အခါ မုန့်ရန် တဖြည်းဖြည်း နားလည်လာတယ်။

"ဒီနေ့ပဲ..ခုနကလေးတင် သေဆုံးကြောင်းအတည်ပြုပြီးပြီ.."

"Accident ကြောင့်လား??ဒါမှမဟုတ်..."

"Accident ကြောင့်သေတယ်လို့ပဲ သိထားဖို့လိုတယ်။ကျန်တာတွေကို စဉ်းလဲမစဉ်းစားနဲ့။မေးလဲ မမေးနဲ့"

လော်ရှို့က ဒီကိစ္စတွေကို မုန့်ရန်ကို မသိစေချင်ဘူး။

"ဟုတ်ပါပြီ.."

တွေးနေတာတွေ မေးချင်နေတာတွေအကုန် ရပ်တန့်လိုက်ပြီး မုန့်ရန် မျက်လုံးတွေမှိတ်ထားလိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now