Chapter (42)

25.3K 3.6K 272
                                    

ရနံ့ကုထုံးဌာနခွဲကလူတွေက လော်ရှို့ကို မဆန့်ကျင်ရဲကြတဲ့အပြင် လီယန့်ကိုလဲ ဆွဲမထားနိုင်ကြတဲ့အတွက် တွေးလေ၊တွေးလေ ဒေါသထွက်လေ ဖြစ်နေကြတယ်။မုန့်ရန်က လင်စုန့်ထိုင် ရဲ့ တပည့်ဖြစ်တဲ့အတွက် မနိုင် နိုင်ရာမဲတဲ့အနေနဲ့ လင်စုန်ထိုင်ဘက်ကို မျှားခေါင်းလှည့်သွားကြပြန်တယ်။

လင်စုန့်ထိုင်ကို အသည်းအသန်ဆင့်ခေါ်လိုက်ကြတယ်။လင်စုန့်ထိုင်ကလဲ ဘာဖြစ်မှန်းမသိတာကြောင့် အပြေးအလွှား သွားခဲ့ပေမယ့် ရောက်သွားချိန်မှာ မျက်နှာကို တံတွေးနဲ့ထွေးခံရသလို ပြုမူခံလိုက်ရတယ်။

သူတို့တွေ ဘာအကြောင်းပြောနေလဲဆိုတာ နားလည်ဖို့ လင်စုန့်ထိုင် မနည်းအချိန်ယူပြီးနားထောင်လိုက်ရတယ်။လင်စုန့်ထိုင်ကလဲ ရေရှည်ကို ကြည့်တတ်သူတစ်ယောက်မဟုတ်ပြန်တော့ သူ့ကို အခုလို ဆူပူပြောဆိုနေတာကို ကြားရတဲ့အခါ အတော်လေး ဒေါသထွက်လာခဲ့တယ်။

"တော်လောက်ပြီ!!"

လင်စုန့်ထိုင် အတော်လေးစိတ်ဆင်းရဲနေပြီ။

" သူ့ဘာသာ ဘယ်နေရာသွား ကု၊ကု အဲ့တာသူ့အခွင့်ရေးပဲလေ။ခင်ဗျားတို့တွေ ဘာကို ထိန်းချုပ်ချင်နေကြတာလဲ??ပြသာနာမဟုတ်တာကို ဘာလို့ အကျယ်ချဲ့နေကြတာလဲ?ဒီကိစ္စလောက်လေးနဲ့ အစည်းဝေးခေါ်ရတယ်လို့၊အကုန်လုံး အိုမင်းရွတ်တွနေတဲ့သူတွေဖြစ်နေကြပြီ၊ဘယ်လိုလုပ် ကလေးဆန်နေကြတာလဲ? မရှက်ကြဘူးလား??"

"ခင်ဗျား ကမုန့်ရန်ရဲ့ဆရာဖြစ်တဲ့အပြင် ဒီဌာနရဲ့ အကြီးပိုင်းထဲတစ်ယောက်လဲ ဖြစ်နေသေးတယ်။ကျုပ်တို့တွေမှာ ဒီဌာနရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့တာဝန်ရှိတယ်လေ..အဲ့တော့ ခင်ဗျားတပည့်ကအခုလို အရှုပ်တွေလုပ်သွားတာကို ခင်ဗျားကို ပြောပြနေတာပေါ့။အဲ့တာ ဘယ်နားကကလေးဆန်သွားလို့လဲ??"

"အပြင်မှာဆို သီးသန့်ရနံ့ကုထုံး Salon တွေပုံအောနေတာပဲ။ဒီဌာနရဲ့ဂုဏ်သတင်းကိုထိန်းသိမ်းချင်ကြရင် ဘာလို့ အဲ့ Salon တွေမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ပြောမနေကြတာလဲ??ခင်ဗျားတို့ အခုပြောနေပုံက မသိရင်ဘဲ မုန့်ရန်က လီယန်ကို သေချာပေါက် သတ်ပစ်တော့မယ့်အတိုင်းပဲနော်။အများဆုံး မှ အာနိသင်မပြတာလောက်ပဲဖြစ်နိူင်လောက်တာကို ဘာလို့ Serious တွေဖြစ်နေကြတာလဲ??သူက ကျုပ်တပည့် အဲ့တော့ သူနဲ့ပတ်သတ်လို့ ဘာပဲဖြစ်လာဖြစ်လာ ကျုပ်အကုန်တာဝန်ယူတယ်။ကျန်တာတွေနောက်မှ ဆက်ပြောတော့.."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now