Chapter (53)

22.8K 3.3K 208
                                    

တရုတ်ပြည်ကို ပြန်ရောက်တာနဲ့ မုန့်ရန်တစ်ယောက် စုတ်အတွက် နံ့သာဖော်စပ်ပေးခဲ့တယ်။လုယွင်ကျင့်နဲ့အတူ စုတိကို သွားတွေ့ဖြစ်ခဲ့တယ်။

ရှောင်ခယ်က စုတိရဲ့လက်တလောကျန်းမာအေခြေနေအကြောင်းကို မုန့်ရန်ကို ပြောပြပြီး စုတိအတွက် ဒုက္ခခံပေးခဲ့တာတွေအတွက်ကိုလည်း ကျေးဇူးတင်ကြောင်း တခုတ်တရ ပြောခဲ့တယ်။

လုယွင်ကျင့်..."မင်းရဲ့ရေမွှေးရောင်းအား အတော်ကောင်းနေတယ်နော်။ငါ့အဖေတောင်ပြောနေသေးတယ်။ဒီအတိုင်းသာဆက်ထိန်းထားနိူင်ရင် နှစ်နည်းနည်းလောက်အတွင်းမှု ငါတို့မိသားစုတစ်ခုလုံးထက်တောင် မင်း ပိုက်ဆံပိုရှာနိုင်တော့မှာတဲ့"

ရှောင်ခယ်..."ရေမွှေးတင်ဘယ်ကမလဲကွ..အိပ်မွေ့ချကုထုံးမှာသုံးတဲ့နံ့သာတွေ၊အိပ်မပျော်တဲ့သူတွေသုံးတဲ့နံ့သာတွေပြီးတော့ Essential oilတွေရောကျန်သေးတယ်ကွ။ဒါတွေကို စိတ်ရောဂါကုဆရာဝန်တွေသိမ်းကြုံးဝယ်နေကြလို့ လိုချင်တိုင်းတောင် ဝယ်လို့မရတော့ဘူးကွ"

မုန့်ရန်..."ငါက ရောင်းအားပမဏလောက်ကို ကြည့်ရုံပဲကြည့်တာ..ငါဘယ်နှစ်ခုထုတ်ခဲ့လဲဆိုတာ မဂရုစိုက်ဘူး"

ရှောင်ခယ်..."တိုက်ရိုက်ထုတ်လွှင့်တဲ့ ဟိုပြိုင်ပွဲက တော်​တော် Hotသွားတာနော်။ငါ့သူငယ်ချင်းတွေတောင် ဒီပြိုင်ပွဲကိုကြည့်ပြီးကတည်းက ရေမွှေးထုတ်လုပ်တဲ့နည်းစနစ်တွေကို တော်တော်စိတ်ဝင်စားပြီး သင်ချင်နေကြတယ်ကွ..နေပါဉီး ငါသိချင်တာရှိသေးတယ်။မင်းဘာလို့ဝင်မပြိုင်တာလဲ??မနှစ်က မင်း ပထမရခဲ့တာပဲကို"

မုန့်ရန်..."အစကတည်းကမှဝင်မပြိုင်ချင်တာ။ပြီးတော့ ငါ့မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတော့ အချိန်ပေးပြီး မလေ့ကျင့်နိုင်ဘူးလေ"

လုယွင်ကျင့်တစ်ယောက် ကြောင်တောင်တောင်ဖြစ်နေရာကနေ သတိပြန်ဝင်လာပြီး...

"မင်းမှာ ကိုယ်ဝန်ရှိနေတယ်????!!!!"

မုန့်ရန်ရ ဗိုက်ပေါ်လက်တင်လိုက်ပြီး ပြုံးပြလိုက်တယ်။

"ဟုတ်တယ်...ငါးလလောက်ရှိနေပြီ"

လုယွင်ကျင့်..."ငါကတော့ မင်းဝလာတယ်ပဲထင်နေတာ..အခုဟာက ကိုယ်ဝန်ရှိနေတယ်တဲ့လား??အသက်၂၀ တောင်ပြည့်သေးတာမဟုတ်ဘူးလေ...အစောကြီး ကလေးယူလိုက်တာအဆင်ပြေပါ့မလားကွာ?"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now