Chapter (52)

23.7K 3.3K 190
                                    

ပြိုင်ပွဲစတင်တော့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေအကုန်လုံး အလုပ်များနေကြတယ်။ဒါ့ကြောင့် လော်ရှို့တို့စုံတွဲက Hotelကနေ ထွက်ခွာခဲ့ကြတယ်။တောရိုင်းထဲမှာ ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲကို မုန့်ရန်ကြည့်ချင်စိတ်မရှိခဲ့ဘူး။သူ့စိတ်ထဲမှာ ဒါကိုကြည့်ဖို့ ခုခံမှုတစ်ချို့ရှိနေခဲ့တယ်။

လော်ရှို့မှာ စီမံစရာအလုပ်ကိစ္စတွေရှိနေသေးတဲ့အတွက် မုန့်ရန်တို့တွေ ရဲတိုက်ကိုမပြန်ဘဲ မြို့ထဲက Villaမှာပဲ နေထိုင်ခဲ့ကြတယ်။

နောက်ကျမှအိပ်ပျော်သွားတဲ့ အတွက် မုန့်ရန်အိပ်ရာထနည်းနည်းနောက်ကျသွားတယ်။ဧည့်ခန်းထဲကိုရောက်သွားတာနဲ့ ဆိုဖာပေါ်မှာထိုင်ပြီး တစ်ခုခုကိုစဉ်းစားနေတဲ့ လော်ရှို့ရဲ့ဘေးနားမှာ မုန့်ရန်ဝင်ထိုင်လိုက်တယ်။

လော်ရှို့က မုန့်ရန်ကို အနမ်းတစ်ခုပေးလိုက်တယ်။

အိမ်အကူတစ်ယောက်ယူလာပေးတဲ့ ရေနွေးကို မုန့်ရန်တစ်ငုံလောက်သောက်လိုက်ပြီး လော်ရှို့ကိုမေးလိုက်တယ်။

" ချန်းဖန်ဖေးနဲ့ တွေ့ဖြစ်သေးလား?"

"တော်တော်ဝေးဝေးတောင်ရောက်နေလောက်ပြီ...တွေ့လိုက်မိလို့လား?"

"ကျွန်တော်အခုမှ အိပ်ရာနိုးတာလေ ဘယ်လိုလုပ်တွေ့လိုက်မှာလဲ?"

မုန့်ရန်က ပြောပြောဆိုဆိုနဲ့ လော်ရှို့ရဲ့ နှာခေါင်းကို ညှစ်လိုက်တယ်။

လော်ရှို့က ခေါင်းတစ်ချက်ညိတ်ပြပြီး နားလည်ကြောင်းပြသလိုက်တယ်။

"သူနဲ့အတူပါလာတဲ့ အမျိုးသမီးကဘယ်သူလဲ?"

"ကိုယ့်အမေ"

"သူလဲ ဒီနိူင်ငံကိုရောက်နေတာလား?"

"သူ့ချစ်သူ နေနည်းနည်းကောင်းသွားပြီဆိုတော့ သူ အားလပ်ရက်ရနေတာ"

လော်ရှို့ကမုန့်ရန်ကိုကြည့်ပြီး...

"သိပ်မကြာခင် သူ တရုတ်ပြည်ကိုပြန်လာလိမ့်မယ်။သူနဲ့ မင်းနဲ့ သေချာပေါက်တွေ့တော့မှာ...သူပြောသမျှတွေကို ခံစားမနေဖို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ ကြိုလုပ်ထားလိုက်တော့"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now