Chapter (75)

17.1K 2.7K 142
                                    





[TN:ပြီးဆုံးရန် ၁၃ ပိုင်းသာကျန်ပါတော့သည်]

Kai ဆေးရေစိမ်နေတာကို မုန့်ရန်က ဘေးနားကနေ စောင့်ကြည့်ပေးနေတယ်။Tablet ထဲက လော်ကျွင်းရယ်ရဲ့ ဓာတ်ပုံကို Kai ကို ပြလိုက်တယ်။

"ဒါ ငါ့သားလေးလေ...ချစ်စရာကောင်းတယ်မလား??"

ဖြူဖွေးဝတုတ်နေတဲ့ မျက်နှာလေးကို မြင်လိုက်ရတဲ့အခါ..

"ချစ်ဖို့ကောင်းလိုက်တာ.."

"မင်းရော ဖရန်ဆွန်နဲ့ ကလေးမယူချင်ဘူးလား?"

Kai ဘက်က ဘာမှပြန်မဖြေပေမယ့် ရှက်သွေးဖြာနေတဲ့ Kai ရဲ့ မျက်နှာကို ကြည့်ရုံနဲ့ ဘာတွေတွေးနေတယ်ဆိုတာ မုန့်ရန် နားခွက်က မီးတောက်ပြီလေ..

" မင်းဘက်က မွေးပေးချင်ရင်တောင်  နောက် နှစ်တွေအထိ မွေးပေးနိုင်ဉီးမှာမဟုတ်သေးဘူး"

"ဘာလို့လဲ??"

"ဘာဖြစ်ရမှာလဲ...နဂိုကတည်းကမှ ချူချာရတဲ့ကြားထဲ ဆေးမှန်မှန် မသောက်တော့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက အတော်လေးဆိုးဝါးနေပြီလေ....ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ဆောင်နိုင်မှာလဲ??"

"ခင်ဗျားပြောစကားနားထောင်ပြီး လိမ်လိမ်မာမာဆေးကုမယ်ဆို ဘယ်တော့လောက်ဆို ကိုယ်ဝန်ဆောင်မှာလဲဟင်??"

[TN:ဘုရားစူး ၁၈၊၁၉ နှစ်တွေ ]

"ပြောရခက်တယ်။မင်းရဲ့ ဖွဲ့စည်းပုံက တခြားသူတွေနဲ့မတူဘူးဆိုတော့ ကုသရေးပိုင်းမှာ အခက်အခဲတွေရှိတယ်"

"ဘာလို့ အဲ့လိုပြောတာလဲ??နည်းနည်းလောက်ဖြစ်ဖြစ်ယုံကြည်မှုရှိလာအောင် အားပေးစကားမပြောတော့ ကျွန်တော် ဘယ်လိုလုပ် ဆေးကုချင်တော့မှာလဲ?"

"ငါ့အတွက်တော့ ယုံကြည်မှုဆိုတာ ရင်ထဲကအကြောက်တရားကို ကိုယ့်ဘာသာကိုယ် ဖယ်ထုတ်တာပဲ...မင်းက ရနံ့ကု​ထုံးတစ်ခုကိုပဲ လက်ခံသေးတာလေ...စိတ်ရောကိုယ်ပါကျန်းမာဖို့အတွက် ငါ့ဘက်က မကူညီနိူင်သေးဘူး။ဒါပေမယ့် ဒေါက်တာ Korchi တို့ကတော့ ကူညီပေးနိုင်တယ်"

"ကျွန်တော်နားလည်ပါပြီ.."

ဆေးရေစိမ်ပြီးတာနဲ့ ကြပ်ထုပ်ထိုးပေးဖို့ ပြင်လိုက်တယ်။Kai ရဲ့ ဖွဲ့စည်းပုံက ထူးခြားနေတာကြောင့် အပ်စိုက်ကုထုံးနဲ့ ကုသပေးဖို့ မဖြစ်နိုင်ဘူး။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now