Chapter(11)

27.1K 3.9K 73
                                    

မုန့်ရန် ရဲ့စကားကြောင့်လူတိုင်းအံ့သွားကျတယ်။လော်ဆန်း လက်သီးကိုတင်းတင်းဆုပ်လိုက်ပြီး မုန့်ရန် ကိုကြည့်ကာ



"မင်းသင်ခန်းစာမရသေးဘူးထင်တယ်။ မင်းရဲ့အရူးစကားတွေကအဆုံးမရှိတော့ဘူးလား?"



လော်ဆန်း တစ်ယောက်မုန့်ရန်ကို လက်သီးနဲ့ရွယ်လိုက်တာနဲ့ဘေးမှာရပ်နေတဲ့သက်တော်စောင့်တွေက လျင်မြန်စွာလှုပ်ရှားလိုက်တယ်။သက်တော်စောင့်တွေကလော်ဆန်း ရဲ့လက်သီးကိုဖမ်းထိန်းလိုက်ပြီးသူ့ကိုကြမ်းပြင်ပေါ်ဖိလိုက်ထားလိုက်ကျတယ်။




"မင်းငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့!!!?"



လော်ဆန်း ပိုပြီးဒေါခွီးလာပေမယ့် ဒီလူတွေက သူ့အဖေနောက်ကိုလိုက်စောင့်ရှောက်ပေးနေကျ သူ့အဖေရဲ့ကိုယ်ပိုင်သက်တော်စောင့်တွေဆိုတာသတိပြုမိလိုက်တယ်။



လူတွေအများကြီးရဲ့ရှေ့မှောက်မှာ ကြမ်းပေါ်အဖိခံရတာကြောင့် အရှက်တော်တော်ကွဲနေပါပြီ။ဒါ့ကြောင့်

သူ ရုန်းကန်ပြီးအော်လိုက်တယ်။



"လွှတ်စမ်း!!!ငါပြောနေတယ် ငါ့ကိုလွှတ်စမ်း!!ငါပြောတာကြားလား?!!!"



"အကြီးဆုံးသခင်လေး!!"



Mr.ယွမ် ကရှေ့ကိုထွက်လာပြီးပြောလိုက်တယ်။



"အဲ့တာအမှန်ပါပဲ၊သခင်လေး မုန့်ရန် က ဒီနေ့ပဲသခင်ကြီးနဲ့အတူတူလက်ထပ်မှတ်ပုံတင်ပြီးပါပြီ။ မဂ်လာပွဲကတော့ မကြာခင်မှာကျင်းပမယ်လို့ပြောပါတယ်။သခင်လေး မုန့်ရန် ကို ဒီလုံလင်းတောင်ရဲ့သခင်တစ်ယောက် သခင်ကြီးနဲ့တန်းတူဆက်ဆံရမယ်လို့လဲ သခင်ကြီးက ကျွန်တော်တို့ကိုအမိန့်ပေးထားတယ်"



"ကြားတယ်နော်?"



မုန့်ရန် က လော်ဆန်း ကိုကြည့်ပြီးပြောလိုက်တယ်။



"ဒါက ဒီနေရာရဲ့သခင်တစ်ယောက်လေ၊ မင်းကရောအနာဂတ်မှာဘာဖြစ်လာမလဲဆိုတာဘယ်သိနိုင်ပါ့မလဲ?"



" မဖြစ်နိုင်တာ!"



အော်ဟစ်နေတဲ့အချိန်မှာ လော်ဆန်း ရဲ့မျက်နှာကအတော်ကြည့်ရဆိုးနေတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now