Chapter (24)

25.7K 3.8K 218
                                    

နည်းပြရဲ့နာမည်ခေါ်သံကြားတာနဲ့ ကျောင်းသားတွေက ကိုယ့်ရဲ့ ကိုယ်ပိုင်မြင်းတွေရှိရာဆီအပြေးသွားပြီး လည်ဆံမွှေးတွေကို ပွတ်သပ်ပေးနေကြတယ်။ကျောင်းရဲ့ မြင်းစီးလေ့ကျင့်ရေးအချိန်က လွဲရင် သူတို့ရဲ့မြင်းတွေကို တွေ့ခွင့်ရဖို့ အားလပ်ချိန်သိပ်မရှိကြဘူးလေ။

"နံပါတ် ၅ မြင်းပိုင်ရှင် ၊ယွီကျွင်းချန်"

computer ထဲမှာ စာရင်းသွင်းထားတာကို ကြည့်ရင်း နည်းပြက နာမည်ခေါ်လိုက်တယ်။

ပျော်ပျော်ကြီးစိတ်ကူးယဉ်နေတဲ့ ယွီကျွင်းချန် ၊သူ့ရဲ့မြင်းကိုမြင်တဲ့ အခါ တစ်ကိုယ်လုံးတောင့်ခဲသွားတယ်။ဘာ့ကြောင့်လဲဆို​တော့ အမှတ်စဉ်နံပါတ် ၅ က အဖြူရောင် မြင်းတစ်ကောင် ဖြစ်နေပါသတဲ့။တကယ်တော့ ဒီမြင်းဖြူလေးကလဲအရမ်းလှပါတယ်။ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်သွားတဲ့ ယွီကျွင်းချန် က​တော့ ဘယ်လို တုံ့ပြန်ရမှန်းမသိအောင် လမ်းပျောက်နေလေပြီ။

"နံပါတ် ၅ မြင်းပိုင်ရှင် ၊ယွီကျွင်းချန်"

ကြက်သေသေပြီးအ​တောင့်လိုက်ကြီး မတ်တပ်ရပ်နေတဲ့ ယွီကျွင်းချန် နာမည်ကို နည်းပြက နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်တယ်။

ရွှေရောင်သန်းနေတဲ့ မြင်းက ယွီကျွင်းချန် ကိုလော်ဆန်း လက်ဆောင်ပေးထားတာလို့ ထင်ကြေးပေးကြတဲ့သူတွေကလဲ ယွီကျွင်းချန် လို ပဲ အကုန်အံ့အားသင့်နေကြတယ်။သူတို့တွေအကုန်လုံး ရွှေရောင်သန်းနေတဲ့ မြင်းရဲ့ပိုင်ရှင် ဘယ်သူလဲဆိုတာကို ပိုပြီးသိချင်နေပြီ။

အဖြူရောင်မြင်းရှိရာကို သွားနေတဲ့ ယွီကျွင်းချန်ကတော့ စိတ်နဲ့လူနဲ့မကပ်သလို ကြောင်တောင်တောင်ဖြစ်နေတယ်။ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက အဖြူရောင်မြင်းရဲ့ဘေးမှာရှိနေတဲ့ ရွှေရောင်သန်းနေတဲ့ မြင်းဆီကနေ အကြည့်လွှဲလို့ မရဘူးဖြစ်နေတယ်။သူပိုင်ဆိုင်တဲ့ပစ္စည်းကို တစ်စုံတစ်ယောက်က လုယူခိုးယက်သွားသလိုခံစားချက်ကြီးက သူ့ကို အလိုမကျဖြစ်စေပြီးစိတ်အနှောက်အယှက်ပေးနေတယ်။

ရွှေရောင်သန်းနေတဲ့မြင်းက တန်းစီနေတဲ့ မြင်းတွေထဲမှာ ထင်းနေအောင်လှပခန့်ညားလွန်းလှတယ်။တခြားမြင်းတွေကလဲ အရောင်အသွေးစုံစုံလင်လင်နဲ့ လှပကြပါတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now